အပိုင်း ၂၆

18.7K 1.2K 63
                                    

Forever part (26)

"ခ်ခ်...မေ့...မေ့..''

"ပြွတ်စ်..ပြွတ်စ်''

"သမီးလေး..တိတ်တိတ်လေးစို့နော်..ဖေဖေနိုးသွားလိမ့်မယ်နော်''

မနက်၆နာရီလောက်ကတည်းကအိပ်ရေးတွေဝပြီး..ကြည်ကြည်လင်လင်နိုးနေတဲ့သမီးလေးက ဘာတွေသဘောကျနေတယ်မသိ..စကားတွေဝူးဝူးဝါးဝါးပြောလိုက်..တခ်ခ်ရယ်လိုက်..နို့ပြန်စို့လိုက်နဲ့အဆင်ကိုပြေလို့...တိန်းမှာသာ..သမီးဘက်ကိုလှည့်ပြီးနို့တိုက်နေရတဲ့အပြင်..ကိုကိုကနောက်ကနေခါးကိုလှမ်းဖက်ထားတာ လှုပ်လို့တောင်မရ... သမီးလေးအသံက အောင်တာကြောင့်ကိုကိုနိုးသွားမှာစိုးလို့ သမီးက်ိုချော့ပြောနေပေမယ့်..သမီးကသူ့ကိုမြှူနေတယ်ထင်လားမသိ..တခ်ခ်နဲ့...။

ကိုကိုက ညလယ်လောက်က တရေးနိုးထထိုင်ပြီး တိန်းတို့သားအဖကိုထိုင်ကြည့်နေတာလို့အိပ်မက်မက်သည်..တိန်းမသိစိတ်ရဲ့နှိုးဆော်မှူကြောင့် နိုးလာတော့..ကိုကိုက တကယ်ကြီးထိုင်ကြည့်နေတာ...

"ကိုကို''

တိန်းကထမည်ပြုတော့..ကိုကိုကအထမခံ..တိန်းကိုသူ့ရင်ခွင်ထဲဆွဲသွင်းကာ..ကျစ်နေအောင်ဖက်ထားသည်။

"ကိုယ်အိပ်ပျော်နေချိန် တိန်းကို့အနားကထွက်သွားမှာကြောက်တယ် တိန်းငယ်..ဒီတစ်ခါမင်းကို့အနားကထပ်ထွက်သွားရင်..ကိုခံစားနိုင်မှာမဟုတ်တော့ဘူး..ကိုကို့ကလေးကိုထပ်ပြီးဆုံးရှူံးရမှာကြောက်တဲ့စိတ်ကြောင့် ကိုကောင်းကောင်းအိပ်မပျော်ဘူးတိန်းငယ်...ကိုယ်ကြောက်တယ်..မင်းနဲ့သမီးလေးကို့အနားကထပ်ထွက်သွားမှာကြောက်တယ်''

ကိုကို့အသံကပြောရင်းတုန်နေတာမလို့ သူမော့ကြည့်တော့..ကိုကိုကငိုနေတာ...တောင်းပန်ပါတယ် ကိုကို့ကိုအခုလိုဖြစ်အောင်လုပ်မိလို့.. ။ကိုကို့ရင်ခွင်ထဲပိုတိုးဝင်ကာ..ကိုကို့ခါးကိုခပ်တင်းတင်းပြန်ဖက်လိုက်တော့..ကိုကိုကပိုတိုးပြီးဖက်လာကာ...တိန်းငယ်ရဲ့ခေါင်းလုံးလုံးလေးက်ို တဖွဖွနမ်းသည်..တင်းတင်းကြပ်ကြပ်တိုးဖက်ထားတာကြောင့်..နှစ်ယောက်ရဲ့ကြားလေတိုးလို့တောင်ရပါတော့မလားမသိ..။

Forever.(Completed)Where stories live. Discover now