အပိုင်း✨🍁(၁၅)

Start from the beginning
                                    

ဘယ်သူကများ ဘယ်လို သတင်းပေးလိုက်သလဲမသိပေမယ့် နန်းတွင်းမိသားစုသမားတော်နှင့်ချက်ချင်း ရောက်ချလာပြီး စစ်ဆေးစေသည်က အဘယ်မျှ ဂရုစိုက်ကြောင်းသိသာစေသည် ။
စိုးရိမ်ပူပန်စွာကြည့်နေသည့်အကြည့်များ၊
နဂိုတည်တင်းသော မျက်နှာတော်မှာလည်း ပိုတည်‌တင်းနေကာ စုကျုံ့ထား‌ပါသော မျက်ခုံးတန်းတို့ကြောင့် ဘေးကလူများ အသက်ပင် ဖြောင့်ဖြောင့်မရှူရဲသည်အထိပင်ဖြစ်သည်။

နောက်ဆုံးသမားတော်၏ သာမန်အဖျားတတ်တာပါအရှင်ဟူသော အသံကြားမှာသာ စုကျုံ့နေသည့်မျက်မှောင်တော်က ပြေကျသွားသည်။
သို့သော် စိုးရိမ်ပူပန်နေသည့် ‌အရိပ်အယောင်များကတော့ လျော့ကျမသွား။
သျှင်းလေး မျက်နှာလေးကိုပဲကြည့်ကာ ကျန်သည့်သူများအား မျက်လုံးထောင့်လေးဖြင့်တောင် ဝေ့မကြည့်ပေ ။
အကြည့်များကို နားလည်သလိုလိုနှင့် နားမလည်နိုင်ဖြစ်နေသည်မို့ ခတ္တရာ တိတ်တဆိတ်ပဲ ကြည့်နေလိုက်မိသည်။

တစ်မနက်လုံး တစ်ညလုံး စောင့်ကြည့်‌ပေးနေသူက သျှင်းလေး သတိမရခင် တစ်ရက်တွင် သူ့နန်းဆောင်ကို ပြန်သွားပြီး ထိုအချိန်မှစ၍ မတွေ့တော့တာပဲဖြစ်သည်။
သူမဆီတောင် တစ်ခါလေးမျှမရောက်လာသည့် အရှင်က မောင်ငယ်လေးကြောင့် ရောက်လာသည်မှာ အတော်လေး အံ့ဩသင့်စေသလို ထူးလည်းထူးဆန်းလေသည်။

ခတ္တရာတစ်ယောက်ထဲ အတွေးလွန်နေတုန်း အဆောင်တော်ထဲမှ ခပ်တည်တည်ထွက်လာသော မောင်ငယ်လေးကြောင့် မတ်တပ်ရပ်မိသားဖြစ်သွားသည်။

“ဒီကလေးလေးကတော့ ထွက်လာပြန်ပါပြီ...”

ဧကလေး သူ့ဆီလာနေသော အစ်မတော်ကြောင့် ပြန်ပဲ လှည့်ရမလို ရှေ့ပဲဆက်သွားရမလို တန့်သွားရသည်။

နောက်မှ သက္ကသည်လည်း လှစ်ကနဲထွက်သွားသော သခင်လေးကြောင့် လုပ်လက်စကို ပစ်ချကာ လိုက်လာရသည်။

“သျှင်းလေး...”

“ဗျာ....အစ်မတော်...”

“အအေးပတ်ပြီး ပြန်ဖျားမယ်လေ ကလေးရယ်...ဘယ်များသွားချင်လို့လဲ....”

“ကျွန်တော်သက်သာနေပါပြီ အစ်မတော်...
စိတ်မပူနဲ့တော့နော်...အဆောင်ထဲတစ်ပတ်လုံး အောင်းထားရတာ ပျင်းလို့ရူးချင်လာပြီ...”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now