(TN : PA = Personal Attack)

*လဲကျသွား*

ရင်းဆုယဲ့နဲ့ တွေ့ပြီးကတည်းက ‘လူတိုင်းထက်သာလွန်သလို ခံစားချက်မျိုး’ လုံးဝမရှိတော့တာ ဘုရားသခင်ပဲ သိလိမ့်မယ်။ မနာလိုဝန်တိုဖြစ်မနေတာပဲ တော်လွန်းနေပြီ..!

“ကိုယ်ပြောချင်တာကို မင်းနားမလည်သေးဘူး..”

အစကတော့ ရင်းဆုယဲ့က သူအများကြီးပြောခဲ့တာကြောင့် ကောင်လေး နားလည်သွားလောက်ပြီလို့ ထင်နေခဲ့တာ။ ဒါပေမဲ့ သူ့ကို အပြစ်တင်သလိုကြည့်နေတဲ့ ကောင်လေးရဲ့အကြည့်ကို မြင်လိုက်ရတော့မှ နားမလည်သေးဘူးဆိုတာ သိလိုက်တယ်။ ကောင်ငယ်လေးက လုံးဝနားမလည်သေးတာပဲ။

“ဟမ်..?”

ရွှယ်ယို့ရှန်းက မျက်လုံးအပြူးသားနဲ့ ရင်းဆုယဲ့ကို စိုက်ကြည့်နေခဲ့တယ်။

ရင်းဆုယဲ့ရဲ့ အလိုလိုက်သလိုလို၊ ကူကယ်ရာမဲ့နေသလိုလို လေသံကြီးက ဘာသဘောလဲဟ..? သူ့ရဲ့IQ ကို လာလှောင်နေတာလား? ဟုတ်လား..?

“ဒီကုန်းမြေရဲ့ စည်းမျဉ်းတစ်ချို့ကို မင်းပိုင်စိုးထားတယ်.. ဒီကမ္ဘာကြီးအပေါ် အတော်အသင့် ထိန်းချုပ်ထားနိုင်တယ်.. အဲ့တာကြောင့် မင်းကိုယ်တိုင် မသိလိုက်ပဲ ‘အများထက်သာလွန်တဲ့ဟန်ပန်’တစ်ခုကို ထုတ်ဖော်ပြနေတတ်တယ်..”

ရင်းဆုယဲ့က စဉ်းစားကြည့်လိုက်ပြီး တိုတိုနဲ့ လိုရင်းရောက်အောင် ရှင်းပြလိုက်တယ်။ သိသာစွာဖြင့် ကမ္ဘာကြီးရဲ့ ဥပဒေသတချို့ကို ပိုင်ဆိုင်ထားတဲ့ ရွှယ်ယို့ရှန်းရဲ့ ဖြစ်တည်မှု၊ တခြားလူတွေနဲ့ ကံကြမ္မာနဲ့ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုအပေါ် မြင်နိုင်စွမ်းတို့ကို ရင်းဆုယဲ့က သိနေခဲ့တယ်။

“………..”

ရင်းဆုယဲ့ပြောလိုက်မှ ကမ္ဘာကြီးအပေါ်အပေါ်စီးမှကြည့်နေခဲ့မိမှန်း ရွှယ်ယို့ရှန်းတစ်ယောက် သတိထားမိသွားတော့တယ်။

သူဖန်တီးခဲ့တဲ့ ကမ္ဘာကြီးဖြစ်နေတော့ လူတွေ၊ အရာဝတ္ထုတွေအပေါ်မှာ အေးစက်စိမ်းကားသလို ဖြစ်နေခဲ့တယ်။ အဲ့တာကြောင့်လူသတ်တာပဲဖြစ်ဖြစ်၊ တခြားဆိုးဝါးတဲ့မြင်ကွင်းမျိုး မြင်တွေ့နေရရင်တောင် စိတ်ခံစားချက်မရှိပဲ လက်ခံနိုင်ခဲ့တယ်..! ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးကို ဝတ္ထုတစ်ပုဒ်လို သဘောထားပြီး အစစ်အမှန်ကမ္ဘာတစ်ခုအဖြစ် မတွေးခဲ့ဖူးလို့ပဲ။ အဲ့တော့ ဘာပဲဖြစ်ဖြစ် သူ့ရဲ့စိတ်ထဲမှာ သိပ်ပြီးမခံစားခဲ့ရဘူး။ အမြဲတမ်းလိုလို စိတ်အေးလက်အေး နေနိုင်ခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now