ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ
ချစ်နေလွမ်းနေလျက်နဲ့ စိတ်မဝင်စားသလို ဟန်ဆောင်နေတာ မဟုတ်ဘူး။
အေးစက်တဲ့ အသည်းနှလုံးနဲ ကိုယ့်ကိုချစ်တဲ့လူကို
ဥပေက္ခာပြုလိုက်တာပါပဲ။

(TN : Rabindranath Tagore ရဲ့ ‘The Furthest Distance In The World’ ဆိုတဲ့ ကဗျာလေးပါ။ Meli က ကဗျာနဲ့ပက်သက်ပြီး သိပ်မသိတဲ့အတွက် Facebook ပေါ်က ဘာသာပြန်ကို ယူသုံးထားပါတယ်။ Tagore (တဂိုး)က အိန္ဒိယမှာမွေးဖွားခဲ့တဲ့ ဘင်္ဂါလီလူမျိုး စာပေပညာရှင်တစ်ယောက်ပါ။ မှားယွင်းတာရှိခဲ့ရင် ထောက်ပြနိုင်ပါတယ်။)

အဲ့ကဗျာကို မြင်လိုက်တာနဲ့ ဘာလို့အရမ်းကြိုက်နှစ်သက်သွားမှန်း မသိခဲ့ဘူး။ တစ်ခါတည်း စိတ်ထဲမှာ စွဲမြဲနေခဲ့တယ်။ ဒီလိုဘာမှမဆိုင်တဲ့ အခြေအနေမျိုးမှာတောင် အဲ့ကဗျာက သူ့ရဲ့စိတ်ထဲမှာ ထွက်ပေါ်လာသေးတယ်။ သေချာတာတော့ စာရေးဆရာတစ်ယောက်ရဲ့ စာရူးပေရူးရောဂါကို မကုလို့မဖြစ်တော့ဘူး။

သူ့ကို ကယ်တင်လို့ရလောက်သေးတယ်မလား..?!

“မင်းသိရဲ့လား..? လူတွေနဲ့တွေ့တိုင်း မင်းက စိတ်ပျံ့လွင့်နေတတ်တယ်.. လူတိုင်းထက်သာလွန်တဲ့ ပုံစံမျိုးနဲ့..”

ထုံးစံအတိုင်း စိတ်ပျံ့လွင့်နေတဲ့ ကောင်လေးကိုကြည့်ရင်း ရင်းဆုယဲ့ရဲ့ မျက်ဝန်းများက မည်းမှောင်လာခဲ့တယ်။

“အခုလိုမျိုးပေါ့..!”

ရင်းဆုယဲ့က ကောင်လေးရဲ့ မျက်ဝန်းတွေထဲမှာ သူ့ရဲ့အရိပ်တစ်ခုသာ ထင်ဟပ်နေသည်အထိ မေးစေ့ကိုကိုင်ကာ ပင့်လိုက်တယ်။ ရင်းဆုယဲ့ရဲ့ စိတ်ခံစားချက်က ပိုမိုလေးနက်လာခဲ့တယ်။

“တစ်ခါတစ်လေ ကျွန်တော် စိတ်ပျံ့လွင့်နေတတ်တာတော့ ဝန်ခံပါတယ်.. ဒါပေမဲ့ တခြားလူတွေရှေ့မှာ လူတိုင်းထက်သာလွန်သလိုမျိုး တစ်ခါမှမလုပ်ဖူးပါဘူးနော်..!”

ရင်းဆုယဲ့က ရုတ်တရက်ကြီး စကားတွေအများကြီးပြောလာတာကြောင့် ရွှယ်ယို့ရှန်းခမျာ စိတ်မသက်မသာ ဖြစ်နေတော့တယ်။ သို့သော်လည်း တချို့ကိစ္စတွေက သေချာရှင်းလင်းရန် လိုအပ်လာချေပြီ။

ဦးနှောက်ထဲ အပေါက်ဖြစ်နေတာကို သူကိုယ်တိုင်လည်း ထိန်းချုပ်လို့မရဘူးလေ။ အဲ့တော့ သူ့အပြစ်မဟုတ်ဘူး။ ဒါပေမဲ့ လူတိုင်းထက်သာလွန်တဲ့ပုံစံ..? အဲ့တာဘာကြီးလဲ..? ဒါကျိန်းသေပေါက် PA လုပ်တာပဲ..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now