သူက ရိုးရှင်းတဲ့ရှပ်အဖြူနဲ့အားကစားဘောင်းဘီကိုဝတ်ဆင်ထား၏။

သူ့လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါးဖြင့် အိတ်ကပ်ထဲထိုးထည့်ထားကာ ဘေးဘက်ကနေကြည့်ရင် သူ့ပုံစံကတည်ကြည်ဖြောင့်မတ်နေဆဲဖြစ်ပြီး သွယ်လျဖြောင့်တန်းတဲ့နောက်ကျောနဲ့အတူ စစ်တပ်ထဲကပုံစံနှင့်နှိုင်းယှဉ်နိုင်ကာ ဓားအိမ်ထဲမှဆွဲထုတ်လိုက်တဲ့ဓားတစ်လက်လိုမျိုးထက်ရှနေသည်။

ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ ကျင်ရွှင်ကသူ့ခြေလှမ်းတို့ကိုရပ်တန့်လိုက်ပြီးနောက် ခပ်မြန်မြန်အရှိန်ပြန်တင်ကာ အလွန်မြန်တဲ့နှုန်းဖြင့် တစ်ဖက်လူရဲ့ဦးတည်ရာဆီ ပိုပြီးနီးနီးကပ်ကပ်ရွေ့သွားလိုက်သည်။

သူနီးကပ်လာလေလေ ရှန်ရိကျင်းရဲ့မျက်နှာက ဖြစ်နေကျအတိုင်းအမူအရာမဲ့စွာရှိနေဆဲဆိုတာကို သူပိုပြီးသဘောပေါက်မိလေလေပင်။

သူ့နှုတ်ခမ်းထောင့်တွေက တင်းကျပ်နေလျက် ပြတင်းအပြင်ဘက်ကို နက်ရှိုင်းစွာငေးကြည့်နေ၏။ သူက ဒီတိုင်းငေးရုံသာငေးကြည့်နေပြီး သူ့အတွေးတွေ ဒါမှမဟုတ် သူဒီနေရာမှာမလှုပ်မယှက်ရပ်နေရတဲ့အကြောင်းပြချက်ကိုတော့ မသိရပေ။

ရှန်မိသားစုအဓိကအိမ်တော်ရဲ့အိပ်ခန်းဧရိယာက အရမ်းကြီးကာကျယ်ပြန့်လှသည်။ သူသားမွေးကော်ဇောထူထူပေါ် ခြေလှမ်းလှမ်းလိုက်ချိန် သူ့ခြေသံတွေရဲ့ပဲ့တင်ထပ်မှုကို ဖန်တီးပေးလာသည်။

အပြင်ဘက်ကဆူညံနေတာတောင်မှ ရှန်ရိကျင်းက သူ့ဆီချဉ်းကပ်လာတဲ့လူငယ်လေးကို တွေ့လိုက်ဆဲပင်။

သူ့ခေါင်းကိုအရင်ဆုံးလှည့်လာပြီး သူ့အကြည့်ကပြတင်းပေါက်အပြင်ဘက်ကနေ အတွင်းဆီဖြည်းညင်းစွာရွေ့လာပြီး နောက်ဆုံးမှာတော့ခြေဗလာနဲ့လူငယ်လေးပေါ် ကျရောက်သွားသည်။

သူက ရိုးရိုးရှင်းရှင်းလျော့ရဲရဲတီရှပ်တစ်ထည်ကို ဝတ်ဆင်ထားကာ ရှပ်အနားစက သူ့ပေါင်ရင်းကိုသာလျှင်ဖုံးကွယ်ထားနိုင်၏။

ကျင်ရွှင်ကအောက်ခံဘောင်းဘီမဝတ်ထားပေ။

သူ့ခြေဖဝါးနုနုက ထူထဲတဲ့သားမွေးကော်ဇောထဲမှာ နစ်မြုပ်နေပြီး နှင်းလိုဖြူစွတ်နေတဲ့ခြေခုံသာလျှင်ဖော်ပြခံထားရသည်။ အပေါ်ထပ်တက်သွားမယ်ဆိုရင် လူငယ်လေးရဲ့သွယ်လျတဲ့ခြေကျင်းဝတ်နဲ့ဖြောင့်တန်းတဲ့ခြေသလုံးတို့ပင်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now