*148* မင်းသိပါတယ်

Start from the beginning
                                    

ဖိတ်ထားတဲ့ ချီယွဲ့ရှီတို့တွေ ၊ ပုချီနဲ့ ရှန်းလွီ့တို့လည်း ခုံတွေမှာ ဝင်ထိုင်လိုက်ကြသည်။

ထို့နောက် အစေခံတွေလည်းဘဲ ထိုင်လိုက်ကြ၏။

ချီယွဲ့ရှီက အပြုံးလေးနဲ့
"အခု ခံစားနေရတဲ့ ခံစားချက်ကလေ.. ရှောင်ယိယိနဲ့ သခင်ယင်တို့ရဲ့ လက်ထပ်ပွဲကို တက်နေရသလိုဘဲ.."

ကျုံးကျစ်ချောင်က ရယ်လိုက်ပြီး
"ငါလည်း အဲ့လိုဘဲ ခံစားနေရတယ်.. ငါတို့မှာ နံရံပေါ်မှာ 囍 စာလုံး ရေးဖို့ဘဲ ကျန်တော့တယ်"

ကျုရှင့်ယွီကလည်း ပြောလာသည်။
"ရှောင်ယိယိ.. မင်းနဲ့ သခင်ယင်တို့က စုံတွဲတွေ ဆိုပေမယ့်လည်း တစ်ကယ်တမ်းတော့ မင်းတို့ လက်ထပ်ပွဲအခမ်းအနားမကျင်းပရသေးဘူးလေ.. အဲ့လိုလုပ်ဖို့ တစ်ကယ်စိတ်ကူးမရှိတော့ဘူးလား"

ထန်ရှန်းရို့ကလည်း
"ဟုတ်တယ်.. မြို့သခင်မရန်က မင်းနဲ့လက်ထပ်ဖို့အတွက် သခင်ယင်ရဲ့ မှတ်ဉာဏ်ပုံရိပ်ယောင်ကိုဘဲ သုံးခဲ့တာလေ.. ဒါက ထည့်တွက်လို့မရဘူး.. မင်းတို့ တစ်ကယ့်ပွဲအစစ်ကျင်းပဖို့ လိုသေးတယ်"

ရုန်ယိက ယင်ကျင်းရဲ့ကို လှည့်ကြည့်လိုက်သည်။
"ကလေးတွေအဖေ.. ခင်ဗျားရော ဘယ်လိုထင်လဲ"

လူတိုင်းက ယင်ကျင်းရဲ့ကို လှမ်းကြည့်လာကြသည်။

ယင်ကျင်းရဲ့က ခန်းမကြီးတစ်ခုလုံးကို ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းတွေကွေးသွားကာ ကြည့်ကောင်းလွန်းလှတဲ့အပြုံးတစ်ပွင့်ဖြစ်ပေါ်လာ၏။
"အခုမဟုတ်သေးဘူး.. အချိန်နည်းနည်းလောက်လိုသေးတယ်"

ထို့နောက် ရုန်ယိဘက်ကို လှည့်လိုက်ပြီး
"မင်းသိပါတယ်"

သူ သူ့ရဲ့ခန္ဓာကိုယ်ထဲကို ပြန်ရောက်တာကို ယင်ကျင်းရဲ့စောင့်ချင်နေတယ်ဆိုတာ ရုန်ယိလည်းသိတာကြောင့် သူရယ်မောလိုက်ကာ
"ဟုတ်တယ်.. အချိန်နည်းနည်းလောက် လိုသေးတယ်.. အဲ့အချိန်ကျရင် မင်းတို့တွေ ငါ့ကို လက်ဆောင်အကြီးကြီးတွေ ပေးရမှာနော်"

ရှန်းလွီ့က ပြုံးလိုက်ကာ
"ဆရာ့ရဲ့တစ်ပည့်တစ်ယောက်အနေနဲ့ဆိုရင် သေချာပေါက်ကို လက်ဆောင်က အကြီးကြီးဘဲဖြစ်ရမှာပေါ့"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now