အပိုင်း✨🍁(၁၃)

Start from the beginning
                                    

[မှန်နန်းရာဇဝင်အဆိုအားဖြင့် သရေခေတ္တရာမြို့ကို သာသနာနှစ် ၁၀၁ခုနှစ်တွင် ဒွတ္တဘောင်မင်းကြီး ပထမဆုံးတည်ထောင်ခဲ့သည်ဟုဆိုကြသည်။
မြို့တော်တည် နန်းတည်ရာ၌ ကူညီစောင့်ရှောက်ပေးကြသော သူမြတ် (၇)နှစ်ဦးမှာ သိကြားမင်း၊ဂဝံပတေ့၊ရသေ့၊နဂါး၊ဂဠုန်၊စန္ဒီနှင့် ပရမေသူရာ တို့ဖြစ်ကြသည်။

*မြေစုံမြင့်ဖျား၊ပျူမင်းများနှင့်၊သိကြားသူရံ၊ဂဝံပတေ့၊ရသေ့စန္ဒီ၊တူပြီနာဂါ ၊ဂဠုန်လာ၍ ၊လုပ်လှာနတ်တို့၊ ရွှေပြည်မြို့ဝယ်*ဟူ၍ မင်းနဝေးဒေးသည် ဘုရင့်နှမတော်ဧချင်းတွင် စပ်ဆိုခဲ့သည်။

တကောင်းမင်း၏ယောက်ဖတော်ရှင်ရသေ့သတင်းသုံးသည်ကို အကြောင်းပြု၍ သရေခေတ္တရာမြို့ကို ရသေ့မြို့ဟု နောက်မှတွင်၏။

∆ပြည်မြို့ ရွှေဆံတော်ဘုရားခြေရင်း၌ တွေ့ရသော ကျန်စစ်သားမင်း၏ မွန်ကျောက်စာအလိုအားဖြင့် သိရသည်က သရေခေတ္တရာမြို့ကို ပထမတည်ထောင်သောမင်းမှာ ဗိဿနိုးရသေ့ကြီးဖြစ်၏။တည်ထောင်သောနှစ်မှာ မြတ်စွာဘုရားပရိနိဗ္ပာန်စံယူတော်မူသော သာသနာနှစ်တစ်နှစ်ဖြစ်၏။ရသေ့ကြီးကို ကူညီစောင့်ရှောက်ကြသော သူမြတ်တို့မှာ ဂဝံရသေ့၊သိကြား၊ဝိသကြုံနတ်သားနှင့် နဂါးမင်းတို့ဖြစ်သည်ဟုဆိုကြ၏။
မြို့တည်ဆောက်ရာတွင် နဂါးအမြီးဖြင့် စက်ဝန်းပုံသဏ္ဍာန်မြို့ကွက်၍ ပန္နက်ပုံစံရေးဆွဲခဲ့သည်ဟုလည်း အဆိုရှိပေသည်။
ကျန်စစ်သားမင်း၏ ကျောက်စာအရ သရေခေတ္တရာကို သိသိတ်(ဂြီက္ခက်၊ဂြီတြော)ဟူ၍ ခေါ်တွင်ကြောင်းသိရသည်။∆]

ဧကလေး သရေခေတ္တရာအကြောင်းအား စိတ်ဝင်တစားဖတ်နေမိရာ ဘေးနားမှရှိနေသည့် အရှင်ဒဝီဦးခိုက်ကိုပါ မေ့သွားသည်။
တစ်စုံတစ်ခုအပေါ် အာရုံစိုက်လိုက်ပါက ပတ်ဝန်းကျင်ကို မေ့သွားတက်သည်က သူ့အကျင့်ပင်ဖြစ်သည်။
ခုလည်း ဘေးနားမှ ကညစ်ဖြင့် ပေချပ်လွှာတစ်ခုအားဖွင့်ထားကာ ရေးဟန်ပြထားသော်လည်း မရေးပဲ သူ့အား တည့်တည့်ကြည့်နေပါသော အရှင်ဒဝီဦးခိုက်အား သတိမထားမိ။

ဒဝီ သူနှင့်တကွတစ်လောကလုံးကို မေ့သွားပုံရသော ကောင်ငယ်လေးအားကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းလေးများ ကော့ညွတ်စွာ ပြုံးမိသည်။
စိတ်ဝင်စားဖွယ်အရာတစ်ခုကို စူးစမ်းနေပါသော ကလေးငယ်လေးများလို အပြာရောင်မျက်ဝန်းများက တလက်လက်ဖြစ်နေသည်။
ခပ်တိုးတိုးအသံထွက်ကြည့်နေပါသော စကားလုံးတစ်ချို့နှင့်အတူ ဖြောင့်စင်းသွယ်တန်းသော လက်ညှိုးလေးမှာလည်း စာလုံးလေးများအတိုင်း ‌တရွေ့ရွေ့။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now