‘ကံကြမ္မာကူးပြောင်းခြင်း’ကို ရင်ဆိုင်နေရပေမယ့် ရင်းဆုယဲ့က ဘယ်တော့မှသေမှာမဟုတ်ဘူး။ အဲ့တာက စိတ်ချမ်းသာရတဲ့ တစ်ခုတည်းသောအချက်ပဲ။ ဒါပေမဲ့ ဘယ်လောက်အထိ နာကျင်ခံစားနေရမလဲဆိုတာကို သူ,မသိဘူး။ ပြီးတော့ ဝမ်ပထျန်ကလည်း အသက်ရှည်နည်းအတွက် ရင်းဆုယဲ့ကို မျက်စိကျနေတယ်။ အဲ့တစ်ချက်ကို မေ့ပစ်လိုက်လို့မဖြစ်ဘူး။

ထိုအတွေးကြောင့် ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့အတွက် ပို၍ပင် စိတ်ပူလာခဲ့တော့တယ်။

“အခုသွားလည်း အသုံးမဝင်ဘူး..” မြေခွေးက ချက်ကျလက်ကျ ရှင်းပြလာခဲ့တယ်။ တစ်ခဏတွေးတောပြီးနောက် မြေခွေးက စကားတချို့ ထပ်ပြောလာခဲ့တယ်။ “ပြီးတော့ ‘ကံကြမ္မာကူးပြောင်းခြင်း’ ပြီးဆုံးဖို့က တစ်ရက်လိုသေးတယ်လေ.. ဒီနေရာမှာပဲ သခင်ပြန်လာတာကို စောင့်နေပါ..”

သူ့ရဲ့တာဝန်ကို အမှောင်ထုထဲမှာ ထမ်းဆောင်နေတုန်းက ‘ကံကြမ္မာကူးပြောင်းခြင်း’ နဲ့ပက်သက်ပြီး သူ့သခင်နဲ့ရွှယ်ယို့ရှန်း ဘယ်လောက်အထိ အငြင်းအခုန်ဖြစ်ခဲ့သလဲဆိုတာကို မှတ်မိပါသေးတယ်။ သူ့ရဲ့သခင်ကို တားဆီးချင်နေတဲ့ ရွှယ်ယို့ရှန်းကိုသာ ထွက်သွားခွင့်ပေးလိုက်မယ်ဆိုရင် ၄၈ ရက်ကြာ ခံစားခဲ့ရတာတွေက အလကားဖြစ်ကုန်မှာပေါ့..!

အဲ့တော့ သူ့သခင်ကြိုးစားထားသမျှတွေ ဖျက်ဆီးမခံရလေအောင် အရှုပ်ထုပ်တွေလုပ်မယ့် တစ်စုံတစ်ယောက်ကို တားဆီးရလိမ့်မယ်။ သူတို့တွေက အရိပ်ထဲမှာပဲနေပြီး သခင့်ဆီကသတင်းကောင်းကို စောင့်နေသင့်တယ်။

“ခင်ဗျားကြည့်ရတာ အထင်မှားနေပုံပဲ.. ကျုပ်က အမိန့်ပေးနေတာ.. ဆွေးနွေးနေတာမဟုတ်ဘူး..!”

သိသာစွာပဲ တခြားလူတွေအတွက် ရင်းဆုယဲ့အပေါ်ထားတဲ့ သည်းခံမှုမျိုး ရွှယ်ယို့ရှန်းမှာ မရှိခဲ့ဘူး။ ထို့အပြင် စိတ်တိုနေတဲ့အလျောက် သူ့ရဲ့ဒေါသတွေကို မြေခွေးအပေါ် ပုံချနေတော့တယ်။

သူ့ရဲ့မျက်ဝန်းတွေက အဆုံးမဲ့အေးစက်မှုတွေနဲ့ အနည်းငယ် မှေးကျဉ်းသွားခဲ့တယ်။ သူ့ဆီကနေ သာမန်လူသားတွေ လက်လှမ်းမမီနိုင်တဲ့ မြင့်မြတ်တဲ့အချိန်အဝါတွေ ထွက်ပေါ်လာပြီး လူတိုင်းကို သူ့ရဲ့ခြေဖဝါးအောက် ဦးတိုက်ခစားစေသည်အထိ အေးစက်ပြင်းထန်လာခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now