Part 1 ( Unicode )

Start from the beginning
                                        

" မြေ ခဏလေးနော် "

" ရတယ် အေးဆေးလုပ် ငါအပြင်ဘက်ခုံမှာရှိမယ် "

နာမည်က အဏ္ဏဝါမိုး တဲ့ ။ ကျွန်တော်ရဲ့ တစ်ဦးတည်းသောသူငယ်ချင်း ဖြစ်သလို ကျွန်တော်အပေါ်အနစ်နာခံတတ်လွန်းသူကြီးပေါ့ ။ အနစ်နာခံတယ်ပြောလို့ တခြားတော့ မတွေးလ်ိုက်ပါနဲ့ ကျွန်တော်ရေကူးတိုင်း သူ့အသားမဲမှာစိုးလို့ ဘယ်တော့မှအဖော်လိုက်မကူးဘဲ သဲသောင်ပေါ်မှာ ငုတ်တုတ်ထိုင်စောင့်ပေးတတ်တာကိုပြောချင်တာပါ ။

ငယ်ငယ်က ကျောင်းမှာဆိုရင် မိုးနဲ့မြေ ဆိုပြီး လူသိများတဲ့ အတွဲပေါ့ ၊ ဆရာဆရာမတွေကအစ မိုးနဲ့မြေဆိုရင် ဘယ်တုန်းကမှ ခွဲမမြင်ကြဘူး အမြဲတစ်ပူးတစ်တွဲမြင်တတ်ကြတယ် ။ မိုး မလာရင် မြေ ကပါ မလာတော့တဲ့ သေးငယ် လှစွာသောရာဇဝင်လေးတွေတော့ ရှိခဲ့တာပေါ့ ။

" ကဲ ဆ်ိုစမ်းပါဦး ဘယ်လိုဖြစ်ပြီး ရေမကူးဘဲ ငါဆီရောက်လာ "

" ဒီလိုပါဘဲ ရေကသိပ်မကူးချင်တာနဲ့ နင်ဆီ လှည့်ဝင်လာတာ ဘယ်လိုလဲ အလုပ်အဆင်ပြေရဲ့လား "

" ပြေတယ်ပြောရမှာဘဲ ဟိုတယ်က အသစ်ပြန်ဆောက် နေတော့ ဧည်သည့်သိပ်မရှိဘူးလေ အလုပ်မများဘူးပေါ့ "

" အေးနော် နင်တို့ဟိုတယ်တောင် အသစ်ပြန်ဆောက်တာ ပြီးတော့မယ် နင်တို့ရဲ့ သူဌေးဆိုလား အဲ့တာ အခုထိလာမကြည့်ဘူးမလား "

" မကြည့်တာတော့မဟုတ်ပါဘူး သူလည်း မအားလို့နေမှာပေါ့ အစက ဒီနေ့လာမယ်လို့တောင် ပြောသံကြားသေးတယ် "

" အော် ဟုတ်လား အေအေ "

" ဂျာကြီးပြောတာဘဲ သေချာတော့မသိပါဘူး .."

" လာတဲ့အခါ ငါ့လည်းပြောဦး "

" နေစမ်းပါဦး နင်က ဒီနေ့မှ သူဌေးအကြောင်းလာမေးနေရအောင် ဘာလဲ ကြိုက်လို့လား "

" ဖွ ဖွ လွဲပါစေ ဖယ်ပါစေ ဘယ်ကသာကြိုက်ရမှာ ဒီအတိုင်း တခါမှမမြင်ဖူးတော့ မြင်ဖူးချင်လို့ပါ "

" ပြီးရော ပြီးရော နင် ရေကူးမှာမလား ငါဂျာကြီးခိုင်းတာ သွားလုပ်လိုက်ဦးမယ် "

" အေအေ သွားသွား ငါရေကူးလိုက်ဦးမယ် "

" အကြာကြီးကူးမနေနဲ့ ဒီနေ့ ငါမစောင့်ပေးနိုင်ဘူး "

" မလိုပါဘူး နင်မစောင့်လည်း ငါ့ကိုစောင့်မယ့်သူရှိတယ် "

ဒီအတိုင်း အနိုင်လိုလို့ပြောလိုက်ပေမဲ့ ကျွန်တော်ကို ဘယ်သူကစောင့်မှာ ။ ဟူး ဒီနေ့တော့ တစ်ယောက်တည်း ကူးရတော့မှာပါလား ... ။

ဘာလို့ အဲ့လောက်ဖြူဖွေးနေရတာလဲ ။ ဒီကောင် လေးကိုဖန်တီးပေးတဲ့ သူက အချိန်အကြာကြီးအသုံးပြုခဲ့တယ်နဲ့တူတယ် ။ ယုန်ပေါက်စလေးကျနေရော .....




သဘောကျပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်
Wang ✨🤍

ငွေသောင်ယံဦး Where stories live. Discover now