" မေမေ အကောင်းပြောနေတာ သား ၊ မေမေ မျက်စိမမှိတ် ခင်လေး သားအိမ်ထောင်ရက်သားကျပြီး ပျော်ရွင်နေတာကို မြင်သွားချင်တာ "

" ကဲပါ မေမေရယ် ဖူးစာဆိုတာ အချိန်တန်ရင် သားဆီရောက်လာမှာပါ အခုက ဖူးစားမတွေ့သေးလို့ပါ ၊ စိတ်ချ သားက ကိုယ်ချစ်တဲ့သူတွေ့ရင် မေမေက်ို အရင်ခွင့်တောင်းမှာပါ ၊ သားကို စိတ်မပျက်စေရပါဘူး "

" သားက မေမေကို စိတ်မပျက်စေဘူးဆိုတာ ယုံပါတယ် သားချစ်တဲ့သူဆိုရင် မေမေကလည်း ချစ်မှာပါ ၊ စကားတွေပြောနေတာ အချိန်တောင်မနည်းတော့ဘူး မေမေ အိပ်တော့မယ် good night my son "

" Good night Mom "

ကိုယ့်မေမေက အိမ်မှာ ကိုယ်လာမအိပ်ရင်တောင် ညဘက်နှုတ်ဆက်ဖို့ မမေ့တတ်တဲ့ သူတစ်ယောက်ပါ ။ အသေးစိတ်ကအစ မေမေအချစ်တွေက်ို ခံစားရလို့ ကိုယ် အတွက် အသက်ရှုနေတဲ့ရက်တွေမှာ အကောင်းမွန်ဆုံးလက်ဆောင်ဖြစ်နေခဲ့တာ ။

✨✨✨✨✨

ရွှေသောင်ယံရွာ

" ကြီးတော် ရေ ကြီးတော် ..."

" ဖြေးဖြေးခေါ်ပါ သျှမ်းမြေရယ် ကျုပ်ကြားပါတယ် တော် အိမ်နောက်မှာ ပိုက်ရှင်းနေလို့ပါ "

" ကြီးတော်ကလည်း သျှမ်းက အဲ့လိုခေါ်နေကြဘဲကို ဘာလဲ ငြိုငြင်တာလား "

" မဟုတ်ရပါတော် သျှမ်းမြေလေးက်ို စိတ်ကလေးမငြိုငြင်ရက်ပါဘူး "

" ဟဲဟဲ ဒီလိုမှပေါ့ ကြီးတော်ရဲ့ "

သျှမ်းနာမည်က မောင်သျှမ်းမြေတဲ့ ၊ အိမ်က ကြီးတော်လို့ချစ်စနိုးခေါ်တဲ့ သူက သျှမ်း ရဲ့ မီးအိမ်ရှင်မေမေပေါ့ ။ နာမည်က ဒေါ်မြရွက်ဝါ တဲ့ ။ ဖေဖေကတော့ ဦးမြတ်စိုး ရွှေသောင်ယံရွာသားပေါ့ ။ မေမေကတော့ ရွှေဘိုမြို့သူ ။ မေမေနဲ့ဖေဖေက ဘယ်လိုတွေ့လဲဆိုတာ သျှမ်းအခုချိန်ထိ မေမေ့ကို မေးလို့မရခဲ့ပါ ။

သျှမ်း က မေမေနဲ့ တူတာ ၊ မေမေက အညာသူဆိုပေမဲ့ အသားအရေကဖြူဖွေးနေရော ၊ မေမေပြောဖူးတာကတော့ မေမေ့ရဲ့အဖေ သျှမ်းအဖိုးက ပြည်မကြီးကထွက် ပြေးလာတဲ့ တရုတ်စစ်တဲ့ ။ မေမေက ဖိုးဖိုးနဲ့တူလို့အသားဖြူသလို ကျွန်တော်ကလည်း မေမေနဲ့တူလို့ အသားအရေ ကဖြူဖွေးနေတာ ၊ မေမေနဲ့ မတူတာတခုက ပင်လယ်လေ ဘယ်လောက်ထိထိ မဲပြာမသွားတဲ့ အသားရေဖြစ်နေတာကတော့ အတိတ်ဘဝရဲ့ဆုတောင်းကောင်းခဲ့တာနေမှာပါလေ ။

ငွေသောင်ယံဦး Donde viven las historias. Descúbrelo ahora