Part 1 ( Unicode )

Start from the beginning
                                        

ရေချိုးပြီးတာနဲ့ ခဏလှဲချမယ်ဆိုပြီး မျက်စိပိတ်အနား ယူလိုက်တာ အိမ်အောက်က မေမေက ထမင်းစားဖို့လာခေါ်ခိုင်းတော့မှ နိုးတော့တယ် ။

" ဆောရီး မေမေ ကျွန်တော် နည်းနည်း ပင်ပန်းနေလို့ အိပ်ပျော်သွားတာ "

ထမင်းစားပွဲတွင် ထမင်းစားဖို့ထိုင်စောင့်နေတဲ့ မေမေ့ကိုတောင် ကိုယ့်ရဲ့နောက်ကျမှုကြောင့် အားနာသွားခဲ့ ။

" ရပါတယ် သားလည်း ပင်ပန်းနေရောပေါ့ ဘယ်လိုလဲ ဟိုတယ်ကိစ္စတွေရော အဆင်ပြေရဲ့လား "

" ဟုတ် မေမေ အဆင်တော့ပြေပါတယ် ၊ မ တစ်ထောင် သားတွေသမီးတွေကို ဦးစီးရတော့လည်း ကျွန်တော်စိတ် အတိုင်းတော့ ဘယ်ဖြစ်မလဲ "

" ဒီလိုဘဲပေါ့ သားရယ် ဘဝဆိုတာ တဖြည်းဖြည်းချင်း သင်ယူရင်း ကြီးပြင်းရတာပါဘဲ "

ကိုယ့်ရဲ့မေမေဟာ အမြဲတမ်း ပင်ပန်းတာတွေကိုပျောက်စေတဲ့ ခွန်အားလေးတစ်ခုပါဘဲ ။ မုဆိုးမတစ်ယောက် အနေနဲ့ နောက်အိမ်ထောင်မပြုဘဲ ကိုယ့်ကို တစ်ဦးတည်း သန်မာခဲ့ပြီး ရှာဖွေကျွေးမွေးခဲ့တဲ့ မေမေ ။ မေမေပျော်ဖို့အတွက်ဆိုရင် ကိုယ်ဘာမဆို ခေါင်းငြိတ်ပြီးသားပါဘဲ ။

" ကဲပါ မေမေရယ် ဩဝါဒကိစ္စ ခဏထား ထမင်းစားကြစို့ သား မေမေ့လက်ရာလွမ်းနေတာ ကြာပြီ "

"​ မောင်ပြောကောင်း ဟောဒီက အမေကလည်း သားကြိုက် တာလေးကို ချက်ပြုတ်ထားပါတယ်တော် စား စား "

မေမေနဲ့ ညစာစားပြီးနောက် အိမ်ရှေ့ထွက်လာကြပြီး သစ်သီးစားနေစဉ်

" သား မေမေပြောစရာရှိလို့ ..."

" ဗျာ မေမေ ပြောလေ ဘာဖြစ်လို့လဲ "

" သား အိမ်ထောင်မပြုတော့ဘူးလားလို့ "

" ဟော မေမေရယ် ဘာများလဲလို့ သားကို အိမ်ထောင်ပြုမယ့်ကိစ္စမေးတာလား "

" အသက်က်ိုလည်း ပြန်ကြည့်ဦး သားရယ် မေမေလည်း အသက်ကြီးပြီဆိုတော့ မြေးချီချင်ပြီ .."

" ဘယ်သူကပြောသတုန်း မေမေက အသက်ကြီးတယ်လို့ ဒီလောက် နုပျိုနေသေးတာကို "

ငွေသောင်ယံဦး Where stories live. Discover now