" boss ကလည်း ပေါက်ကရ ကျွန်တော်က ဘာလို့လက်လွှတ်ရမှာလဲ အေးဆေးပေါ့ boss ရယ် ကျွန်တော်က အချိန်တန်ရင် ယူမှာ boss သာ အရင်လူပျိုကြီးဘဝကို ခြေစုန်ကန်ပါတော့ "
" တော်ပါ ခန့်ကိုရယ် တနေ့တနေ့ ကုမ္ပဏီက လူတွေနဲ့တင် နောက်ထပ်လူတစ်ယောက်အကြောင်း ထပ်သ်ိဖို့ ဦးနှောက်ကအလုပ်မလုပ်ချင်တော့ဘူး .."
" boss ရယ် အချစ်ဆိုတာ ယစ်မူးဖွယ်ရာပါဗျာ ခံစားကြည့်လိုက်ပါ ကျွန်တော်ရှာပေးမယ် ဘယ်လိုမျိုးကြိုက်လဲ ယောင်္ကျားလား မိန်းမလား တောင့်တောင့်တင်းတင်းလား ဘာလိုလဲ boss ... "
" အား နားလိုက်တာ boss ရဲ့ ဘာလို့ လှမ်းပေါက်တာလဲ "
ကိုယ်လည်းစိတ်ပေါက်ပေါက်နဲ့ ခန့်ကိုကို အနားတွင်ရှိသော စာအုပ်နဲ့ ကောက်ပေါက်လိုက်မိသည်။
" ပါးစပ်လေးက်ိုပိတ်ပြီး ပြောတာနားထောင် "
" ပြောပါ boss "
" နောက်အပတ်သောကြာ ကျရင် ပုသိမ်ဘက်သွားမယ် ဟိုတယ်ကိုသွားကြည့်ချင်တယ် အဲ့တာ စီစဉ်ထား .."
" အိုကေ boss ကျွန်တော်စီစဉ်လိုက်မယ် ဪ ဒါနဲ့ မနက်က အန်တီ ဖုန်းဆက်တယ် ဒီည အိမ်ပြန်ခဲ့ပါတဲ့ ထမင်းစားချင်လို့ဆိုလားဘဲ .."
အန်တီဆိုတာက ကိုယ်ရဲ့ တစ်ဦးတည်းသောချစ်ရတဲ့ မိန်းမသားတစ်ယောက်ပေါ့ ၊ စိုင်းခန့်နောင်ဘဝမှာ နှစ်ယောက်မရှိတဲ့ တန်ဖိုးထားရဆုံးသောသူ ။ ဖေဖေကတော့ ကိုယ် အသက် ၄ နှစ်ကတည်းက ဆုံးသွားပြီလို့ မေမေပြောတာပါဘဲ ။ သေချာတော့ ကိုယ်မသိသလို မေးလည်း မမေးမိပါဘူး ။ ကိုယ့်ဘဝမှာ မေမေရှိနေတာနဲ့တင် အရာအားလုံးပြည့်စုံနေပြီလေ ။
" အိုကေ ခဏနေအိမ်ပြန်မယ် အဆင်သင့်လုပ်ထား "
" ဟုတ်ကဲ့ boss "
✨✨✨✨✨
ပတ္တမြားစံအိမ်တော်
မေမေက ညနေအိမ်ပြန်လာပါလားပြောလို့ အိမ်တော်ကို ရောက်နေတာဖြစ်သည်။ ပုံမှန်ဆို တစ်ပတ်ကို ၃ ရက် လောက် အိမ်ပြန်ဖြစ်ပေမဲ့ ဒီရက်ပိုင်း ဟိုတယ်အသစ် ဆောက်မယ့် ကိစ္စတွေကြောင့် အိမ်မပြန်ဖြစ်တာ ၂ ပတ် ကျော်နေပြီ ။ မနက်ကတည်းက အလုပ်တွေကမောက် ကမဖြစ်နေလို့ ဒီနေ့ အတော်လေးကို စိတ်ရောလူရောပင် ပန်းနေပြီ ။ အခုလည်း မေမေ့ကို ဝင်နှုတ်ဆက်ပြီးတာနဲ့ ရေချိုးဖို့အတွက် အိမ်ပေါ်တက်လာခဲ့ခြင်းဖြစ်သည်။ ရေမချိုးခင် gym ဆော့နေကြဆိုပေမဲ့ ဒီနေ့တော့ ပထမအကြိမ်ပျက်ကွက်မိတဲ့အထိ မလုပ်ချင်မကိုင်ချင် ဖြစ်နေပြီလေ ။
Part 1 ( Unicode )
Start from the beginning
