သူစိတ်ကိုတင်းပြီး တံခါးကိုခေါက်ဖို့အလုပ် ပွင်လြာသောတံခါးလေး။ သူလည်းယောင်နနနဲ့အနောက်နည်းနည်းဆုတ်မိသည်။

ဘေဘီကိုမျက်လုံးချင်းမဆိုင်ရဲသည်မို့ခေါင်းငုံ့ရုံသာ။ ဒါပေမဲ့ ပြောလာတဲ့ဘေဘီ့ရဲ့စကားတွေက သူ့အတွက်အံ့အောဖွယ်အတိ..

"ဒယ်ဒီ! လူကိုဘာလို့အရမ်းသတိရအောင်လုပ်တာလဲ တစ်ပတ်လုံးလည်းလာမတွေ့ဘူးအခုလည်းဝင်မလာဘဲရပ်နေတယ် တစ်နေ့ကုန်ထိုင်စောင့်ရမှာလားတဲ့ လာလာဖက်အခု."

Chanyeolမှာရုတ်တရက်အခြေအနေကြောင့်ကြောင်သွားပြီးမှ သူ့ကောင်လေးအားဖက်ကာ တောင်းပန်စကားတဖွဖွပြောသည်။

"ကိုယ်တောင်းပန်ပါတယ်နော်.တောင်းပန်ပါတယ်"

တကယ်တော့ KSလည်းအကုန်သိပြီးပါပြီ အကယ်၍သာ အဲ့ဒီ တုံးအတဲ့ဒယ်ဒီကဒီအပတ်အတွင်းသာရောက်လာမယ်ဆိုရင် သူတို့ကမြန်မြန်ပြေလည်နိုင်မည်။ အခုတော့ ဘာမဟုတ်တာတွေကိုရှင်းပြီးတစ်ပတ်အကြာမှရောက်လာတော့ဒီကလူက လွမ်းနာကျပြီးဖျားပါဖျားချင်တယ်..
( ဘာမဟုတ်တာ= Song Mina. Song Mina အတွက်မျက်ရည်ငါးစက်ပါ)

အခုတော့ ပြီးသွားပြီလေ....

---------------====
JunXing

Jun Myeon ကျောင်းကအပြန် နောက်ကလူလိုက်တာခံစားနေရတာကြောင့်မသိမသာ လှည့်ကြည့်ချိန်မှာ လူတစ်ယောက်အမှန်တကယ်လိုက်နေမှန်းသိရတဲ့အချိန် သူတစ်ချိုးတည်းပြေးလေသည်။

သူက ညဘက်စာအုပ်ဆိုင်မှာစာသွားဖတ်ပြီူပြန်အလာညမှောင်ပြီးလူတိမ်းနေတာကတစ်ကြောင်း သူ့အိမ်လမ်းက မီးတိုင်မရှိတာကတစ်ကြောင်းနဲ့ ပိုဆိုးနေသည်။

ပြေးရင်းနဲ့ သတိရလိုက်တာက သူ့မှာ အဆုတ်အားနည်းရောဂါရှိနေတာကိုပင်။ သူအရမ်းမပြေးနိုင် မောရင်တောင်နားရမည်။ အခုတော့သူအရမ်းမောနေပြီ။ လုံးဝခြေပျက်လက်ပျက်ဖြစ်နေပြီ။

မောပြီးမေ့လဲလုနီးနီးမှာ ဝေဝေဝါးဝါးအာရုံထဲတွေ့လိုက်ရတာက သူ့နောက်လိုက်နေတဲ့သူကို တုံ့ပြန်တိုက်ခိုက်နေတဲ့ Zhang Yixingဆိုတဲ့လူကြီးပင်......

.............

အချီအားတုန်းလေးတစ်ဖြတ်စာလာတင်တာပါနော်ချစ်တို့

💖✨💎SUGAR DADDY✨💎💖Tempat cerita menjadi hidup. Temukan sekarang