Part-43

15.6K 698 40
                                    

Part- 43

🌸

ဘားကခုံအမြင့်မှာထိုင်ရင်း ဆေးလိပ်သောက်ကာဆိုင်ကို လှည့်ပတ်ကြည့်မိသည်။ ဖွင့်တာ၆လအတွင်းမှာ အတော်တိုးတက်တယ်ဆိုရအောင်  လာစားကြသူတွေကများပြားလှသည်။ စိုင်းပန်ကိုဦးစီးခိုင်းကာ အနောက်ကသာနေခဲ့ပေမဲ့ ဒီကောင်တွေတော်တယ်ပဲပြောရမည်။ လကျာ်မှိုင်းပါတဲ့ ဘာအလုပ်မှမရှိပဲ မိန်းမထဘီနားခိုစားစရာလား။ Suit အနက်ရောင်ကတောက်ပြောင်နေသလို ရင်ဘတ်ကကြယ်သီးကို၃လုံး ဖြုတ်ထားသည့်အတွက်  ကြွက်သားမြောင်းတွေက အပြည့်ပင်။ ဆံပင်ကိုသပ်တင်ထားသည်က အနောက်တိုင်းမင်းသားလိုလိုပင်။ အပေါ်ထပ်အခန်းက သူ့အခန်းမို့လိုက်ကာလှပ်လိုက်တာနဲ့  မှန်တွေကတဆင့်အောက်ကိုမြင်နေရတော့သည်။ ခုံပေါ်ကဆင်းကာ ကားတွေနဲ့ဆော့နေတဲ့သားသားကို ပွေ့ချီလိုက်တော့သည်။

" ခွေးပေါက်လေး  ဗိုက်ဆာပြီလား "

" အွန့်  မန်းမန်းစားမယ် "

" အိုခေပါ၊ ဟေ့ကောင် ဂဏန်းမာဆလာနဲ့ မလေးရှားထမင်းကြော်ရပြီလားသွားကြည့်ခဲ့ "

" ကိုမှိုင်း ကလေးအတွက်စပ်နေမယ်ထင်တယ် "

" တရုတ်ထမင်းကြော်ပါယူခဲ့၊ အချိုရည်ရောပဲ "

" ဟုတ် "

သားသားကိုသူ့အဖိုးဆီခေါ်သွားမယ်ဆိုပြီး ထွက်လာရာကနေ ဆိုင်ကစာရင်းတွေ လာစစ်နေရတော့သည်။ သားက remote control car တွေကိုကောင်းကောင်းဆော့တတ်ပြီး သူလိုချင်တာလဲကောင်းကောင်းသိနေပြန်သည်။ အင်္ဂလိပ်စာလုံးဆက်တဲ့ကတ်ပြားတွေ၊ အရောင်တွေ၊ အသီးတွေ၊ တိရစ္ဆာန်တွေစသဖြင့် 
အင်္ဂလိပ် -မြန်မာတွဲကာ အတော်ပင်ကျွမ်းနေတာမို့ လကျာ်ရီမိသည်။ မလှသွေးသာသူအခုလို Bar ဖွင့်ထားတာသိရင် ပြောမဆုံးမည့်ဖြစ်ခြင်း။ ဒီမိန်းမက လင်ကိုမယုံမကြည်နဲ့ ပန်းရောင်းတာကပါသေး။ လကျာ်အနေနဲ့က စီးပွားရေးလုပ်တာပေမဲ့ barကသာလူကြိုက်အများဆုံးမို့ ဒီအလုပ်ပဲပြန်လည်ရသည်။ မူးယစ်တော့ကင်းတာပေါ့လေ ဒီတစ်ခါပါဆေးထပ်သုံးရင် ဟိုမိန်းမကမြစ်ထဲကန်ချလိမ့်မယ်လေ။

" ဖေ့ သစ်ကုလားအုတ်ကဘယ်လိုခေါ်လဲ "

" G i r a f f e. ဂျရှတ်ဖ် "

ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed } Where stories live. Discover now