"ဘယ်လိုသိတာလဲJoon"

"အဲ့တာက....."

လွန်ခဲ့တဲ့13နာရီသို့နောက်ပြန်တစ်ခေါက်

ထယ်တို့လဲဆေးရုံသို့ရောက်ရှိလို့ဗျာများနေတဲ့အချိန်ပေါ့...

"တီတောင် တီတောင်..."

Mrs.kimလဲJoonမှန်းသိတော့တံခါးကိုတန်းဖွင့်ပေးလိုက်လေသည်။

"သားJoonရယ်မင်းသူငယ်ချင်းဂျီလေးလေအခုဆေးရုံရောက်တယ်တဲ့ကွယ်"

"ဗျာ...ညနေကတောင်အကောင်းကြီးကိုအခုမှဘယ်လိုဖြစ်ရတာလဲ"

"အန်တီလဲမသိတော့ပါဘူးကွယ် ညီမParkဖုန်းလှမ်းဆက်တော့မှသိရတာ"

"အခုဘယ်ဆေးရုံမှာလဲအန်တီ"

"***ဆေးရုံမှာတဲ့မနက်ကျမှာလာခဲ့လို့တော့ပြောတယ် အန်တီမနက်သွားမလို့လိုက်ခဲ့ချင်လားJoonလေး"

"ဟုတ်ကဲ့သားလိုက်ခဲ့ပါ့မယ်"

"အေးကွယ် သားဂျီအကြောင်းပြောနေရင်းနဲ့လာရင်ကိစ္စတောင်မမေးမိဘူးဖြစ်သွားတယ် "

"ရပါတယ်အန်တီ ဒေါ်လေးအိမ်မှာပုဇွန်ထုပ်ချက်လို့လေထယ်လေးနဲ့ဂျီလေးစားဖို့ပို့ခိုင်းလိုက်လို့ပါ"

"အော် အေးကွယ်ကျေးဇူးတင်ပါတယ်လိုပြောပေးပါအုံးနော် သားJoon"

"ဟုတ်ကဲ့အဲ့တာဆိုသားပြန်တော့မယ်နော် မနက်စောစောလာခဲ့ပါ့မယ်"

"အေးပါကွယ် ဂရုစိုက်နင်းအုံးနော်စက်ဘီးကို"

"ဟုတ်ကဲ့အန်တီ"

အဲ့လိုနဲ့Joonလည်းသူ့အိမ်ကိုစက်ဘီးဒုန်းဆိုင်းနင်းကပြန်လာခဲ့လေတော့သည်။အိမ်ထဲရောက်တာနဲ့ စက်ဘီကိုလည်းဒုန်းခနဲပစ်ချ ခုံတွေကိုလည်းဒုန်းခနဲတိုက်မိနဲ့တစ်ယောက်ထဲယောက်ယှက်ခက်နေတော့သည်
ထိုချိန်Mrs.Jeonမှာအိမ်နောက်ဖေးကထွက်လာပြီး...

"ဘာတွေဒီလောက်တောင်လောလာလို့တဒုန်းဒုန်းနဲ့ဝင်တိုက်မိနေရတယ်လဲJoonလေးရယ်"

~~~ မူပိုင်~~~ (Completed)Where stories live. Discover now