Epilogue 3 - Part 2

Start from the beginning
                                    



【မဟုတ်တာတွေ! ဒါဆိုအခုသူတို့ဘာဖြစ်သွားလဲ။ Li Feng နဲ့ Han Shi တို့မနေ့ညကပွဲ ဦး ထွက်မှာအတူထိုင်ခဲ့ဘူးတယ်မဟုတ်လား။ သူတို့ကပြန်လည်သင့်မြတ်ပြီလို့ငါထင်ခဲ့တယ်။ စိုးရိမ်စိတ်ဖြစ်! ]


[+1 သူတို့ လမ်းခွဲမှာကို ငါစိတ်ပူတယ်၊ ဒါပေမယ့် paparazzi ဓာတ်ပုံရိုက်ခဲ့တဲ့က Li က Han အိမ်ကိုတစ်ခါလောက် မောင်းပို့ခွင့်ပြုရုံပဲ။ အဲ ဘုရားသခင်...... ]


[ရုတ်တရက် တွေးတာ မှားပါတယ်။ 】


【တွေးနေတာ တူတယ်။ ကွဲသွားရင်ကောင်းတာပေါ့။ Li Feng ကြည့်ရတာ စိတ်မအေးဟန်ပဲ။ Han Shi က ကစားရာမှာ အလွန်ကောင်းပုံရတယ် ကားပေါ်တွင်ဆော့ကစားနိုင်တယ်။]

(T/N: Li Feng Fan, HanShi Fan နဲ့ Cp Fan တွေ ရန်ဖြစ်နေတဲ့ အွန်လိုင်းကောမန့်တွေပါ။ ရေးထားတာကိုက အဲ့လို့ စကားပြော အထောင့်တွေမို့ပါ။)



"သူတို့ ငါ့အကြောင်း ကောလဟာလတွေ လျှောက်ရေးပြန်ပြီ ... "

Han Shi (ဟန်ရှိ) ကိုကြော်ငြာရိုက်ရန် Mu Jiayan (မုကျားယမ်) က ဆွဲထုတ်ခေါ်လာခဲ့ခြင်းဖြစ်သည်။

စောင့်ဆိုင်းနေစဉ်သူက ဧည့်ခန်းက ထိုင်ခုံပေါ်တွင်ထိုင်ကာ လိုင်းပေါ်တွင်တင်ထားသောပို့စ်များကို နားရွက်များနီနီဖြင့် ဖတ်နေသည်။ ခဏလောက်ဖတ်ပြီးတော့ နည်းနည်းတော့ ဇဝေဇဝါဖြစ်သွားမိဟန်ရသည်။ သူက Mu Jiayan ကိုမော့ကြည့်ပြီး

"မကြာသေးခင်က ငါ့ရဲ့ အမည်းရောင်အုပ်စု ကိုဘာလို့မမြင်နိုင်ရတာလဲ။ မင်းကငါ့ကို Internet Water Army - တန်ပြန်ရေး ဖန် (မကောင်းသည့်စာများကို ပြန်ဖြေပေးသည့်) အုပ်စု ဝယ်ပေးထားတာလား။"



Mu Jiayan က ခုတလာ မော်ကြွားပြီး မြောက်ကြွနေတယ်လို့ ခံစားရသည်။ သူ့ပုံစံကလည်း အမှန်ပင် ကြည့်ကောင်းနေပေသည်။

"မင်းတို့ရဲ့ CP Army (အတွဲဖန်) တွေက ဒီ ၂ ရက်အတွင်း အင်အားကောင်းပြီး ကြောက်ဖို့ ကောင်းနေတယ်။ မကောင်းတဲ့ သတင်းရေးသူတွေကို အကုန် ပြန်ပြောပစ်တာ။ ငါ တန်ပြန်ရေးဖန် အုပ်စု ဝယ်စရာတောင် မလိုဘူး။"


Mu Jiayan က ခါးခါးသီးသီးပြောပြီး

" မင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲ။ တူတူအိပ်ပြီး ဘာမှ ဖြစ်မလာသေးဘူးလား။ အခုလူတွေဘယ်လောက် စိတ်ရှုပ် နေလဲမင်းသိလား။ ခုတလော ဒါကလွဲပြီး ဖျော်ဖြေရေးသတင်းက တခြားဘာမှမရှိဘူး။ ငါ Weibo ကိုပွတ်ဆွဲလိုက်တာနဲ့ Li Feng က ဘယ်တော့မှ တစ်ညလုံး အောင်အောင်မြင်မြင်နေနိုင်မလဲဆိုပြီး network တစ်ခုလုံးအံ့သြသွားလောက်အောင် ခန့်မှန်းနေကြတယ်။"

LiHun Zhiqian/ Before the Divorce (မြန်မာပြန်) [Completed]Where stories live. Discover now