ရွှယ်ယို့ရှန်းက သူ့ရဲ့မျက်နှာဖုံးနှင့်ပက်သက်ပြီး တစ်ခုခုပြောချင်နေတာကို သိပေမယ့် နားမလည်နိုင်တော့ဘူး။ သူ့ရဲ့မျက်နှာဖုံးက မြေခွေးတစ်ကောင်ရဲ့ အကောင်းဆုံးပုံပန်းသွင်ပြင်တွေကို ပေါင်းစပ်ပြီး အထူးဖန်တီးထားခဲ့တာ။ ရွှယ်ယို့ရှန်းက ဒီမျက်နှာဖုံးကို ဘာလို့အမြင်မကြည်ရတာလဲ..? မိစ္ဆာမျိုးနွယ်ဆိုတော့ အလှအပကို မခံစားတတ်တာဖြစ်နိုင်တယ်။ အဲ့တာကြောင့် ဒီလိုလှပတဲ့အရာကို သဘောမကျတာဖြစ်မယ်..!

“ခင်ဗျားက မြေခွေးလား..?”

‘ဓားနှင့်မှော်နယ်မြေ’မှာ ရှိနေသေးကြောင်း သေချာသွားပြီးနောက် ရွှယ်ယို့ရှန်းက ထိုလူကိုကြည့်ရင်း ရင်းနှီးလာသလို ခံစားလိုက်ရတယ်။ ထို့နောက် ရုတ်တရက်ဆိုသလို မှတ်မိသွားခဲ့တယ်။

ရင်းဆုယဲ့က သူစွမ်းအားကြီးလာတဲ့အချိန်မှာ လျှို့ဝှက်သက်တော်စောင့် အယောက် ၅၀ ကို တိတ်တဆိတ် စည်းရုံးထားခဲ့တယ်။ သက်တော်စောင့်တွေရဲ့နာမည်ကို နံပါတ်စဉ်မဟုတ်ပဲ တိရစ္ဆာန်နာမည်တွေနဲ့ သတ်မှတ်ထားခဲ့တယ်။ မြေခွေးက ရင်းဆုယဲ့ရဲ့ နံပါတ်တစ် သက်တော်စောင့်ပေါ့။ ဝတ္တုဇာတ်ကြောင်းမှာ အများဆုံးဖော်ပြခံခဲ့ရတဲ့ သက်တော်စောင့်လည်းဖြစ်သလို ရင်းဆုယဲ့အပေါ်မှာလည်း သစ္စာရှိလွန်းခဲ့တယ်။

ဒါပေမဲ့ ကံမကောင်းချင်တော့ ရွှယ်ယို့ရှန်းက ရင်းဆုယဲ့အပေါ် သစ္စာရှိတဲ့လူတိုင်းကို ဖယ်ရှားပစ်ခဲ့တာပဲ။ နောက်ပိုင်းဇာတ်ကြောင်းမှာ ရင်းဆုယဲ့ကို မိစ္ဆာစိတ်ဝင်စေချင်တဲ့အတွက် ရင်းဆုယဲ့ကို ကူညီမယ့်လူတိုင်း၊ ရင်းဆုယဲ့နဲ့ ရင်းနှီးတဲ့လူတိုင်းကို စောစောသေခိုင်းလိုက်တယ်။ အဲ့လိုအဖြစ်အပျက်တွေကြောင့် ရင်းဆုယဲ့အန္တရာယ်ကြုံတဲ့အချိန်မှာ ကူညီပေးမယ့်လူ မရှိတော့ဘူး။ ရင်းဆုယဲ့ကိုလည်း နာကျင်ဝမ်းနည်းစေခဲ့တယ်။ နောက်တော့ ထိုအကြောင်းအရင်းတွေက ရင်းဆုယဲ့ရဲ့မကောင်းတဲ့စိတ်ကို ပိုပိုတိုးပွားလာစေခဲ့တယ်။

ပြောရမယ်ဆိုရင် မြေခွေးဆိုတာလည်း ရွှယ်ယို့ရှန်းဖန်တီးထားခဲ့တဲ့ အမြှောက်စာဇာတ်ရံလေးတစ်ယောက်ပဲ။ သူမှတ်မိသလောက်ဆို ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်’ ဇာတ်ကြောင်းမှာ ဒီလိုမျိုးရေးသားခဲ့မိတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now