သူက စားပွဲရှိရာသို့ လျှောက်သွားလိုက်ပြီး သူ့ရဲ့ ချိုအီနေသည့် အရသာကို ရေဖြင့် ဆေးချလိုက်ရသည်။ သူ့နှုတ်ခမ်းမှာတော့ တစ်ချိန်လုံး အပြုံးလေးတစ်ပွင့် တည်ရှိနေသည်သာ။ ထို့နောက်မှာ အနားကို လျှောက်သွားလိုက်၍ ရိဟန်ကို ဆံပင်ခြောက်အောင် လုပ်ပေးရမည့် တာဝန်ကို လက်လွှဲယူလိုက်သည်။ သူ့လက်ချောင်းများက နူးညံ့ပျော့ပျောင်းလှသည့် ဆံနွယ်များထဲ တိုးဝင်ဖီးသင်ပေးရင်း အပူနဲ့ မှုတ်ပေးနေ၏။

သူ့နှလုံးသားကတော့ ရွှံ့နွံအိုင်ထဲ ပျော်ဝင်သွားသလိုပင် ခံစားနေရသည်။ ဆံပင်တွေ ခြောက်သွားသောအခါမှာ ရိဟန်ရဲ့ ခေါင်းလေးကို မနမ်းပဲ မနေနိုင်တော့ပေ။ သူက ဆံပင်လေမှုတ်စက်ကို အောက်ချလိုက်ပြီး ရိဟန်အား သိုင်းဖက်လိုက်သည်။

"ကိုယ့်ကို စိတ်ဆိုးနေတာလား, ဟန်ဟန်?" သူက ညင်သာစွာ မေးလိုက်သည်။

ရိဟန်က ကျင်းယွမ်အား ခပ်စူးစူးလေး တစ်ချက်ကြည့်လိုက်ပြီး ဆက်လက်တိတ်ဆိတ်နေ၏။

အခွင့်အရေးကို မြင်လိုက်ရတာကြောင့် ကျင်းယွမ်က ရိဟန်ရဲ့ ပါးလေးအား နမ်းလိုက်ပြန်သည်။

"ဟန်ဟန်, ကိုယ်မင်းကို မင်းလိုချင်တာထက်တောင် ပိုလိုချင်သေးတယ် ဒါပေမဲ့ မင်းက တစ်ချိန်လုံး ဆေးရုံပဲ တက်နေရတာလေ, ကိုယ်အရမ်းကြောက်နေလို့ပါ, မင်းရဲ့ခန္ဓာကိုယ်ကို ဒီထက်ပိုပြီး မထိခိုက်စေချင်ဘူး, ကိုယ်တို့မှာ အချိန်တွေ အများကြီး ရှိနေသေးတာပဲ-"

"....."

"ဟန်ဟန်, မင်းအပြည့်အဝ ပြန်ကောင်းသွားတဲ့ အခါကျရင် ကျေးဇူးပြုလို့ ကိုယ့်ကို အပြစ်မပေးပါနဲ့နော်? ကိုယ့်ကို မထိန်းချုပ်ထားခိုင်းပါနဲ့? ကိုယ်မင်းကို တကယ်လိုချင်တာ"

ရိဟန်မှာ ဆက်ပြီးမတောင့်ခံနိုင်တော့ပဲ ရယ်သံလေး ထွက်ပေါ်လာရတော့သည်။

"ငါက အဲ့ဒီလောက် အလွယ်တကူ ဒေါသထွက်တတ်တဲ့သူ မို့လို့လား?" သူက ပြန်ပြောသည်။

"ပြီးတော့ ငါကပဲ အဲ့ဒါကို အရမ်းကို လိုချင်မက်မောနေသလိုမျိုး လုပ်မနေနဲ့"

(Completed) Reborn as a good childWhere stories live. Discover now