Chapter《65》Final

Start from the beginning
                                    

​ထို့အပြင် ဒါက ဒီတောင်ရဲ့ သုံးပုံ,တစ်ပုံသာရှိသေးသည်။

ကျောက်တောင်တက်ခြင်းမှ အလွန်စိတ်လှုပ်ရှားစေသည့်အရာအား ဒီနေ့မှာတော့ သူ ၎င်းကို ခံစားလိုက်ရပြီဖြစ်သည်။

သူတို့ အစားအစာအကျန်တွေနဲ့ အမှိုက်တွေကို ကျောပိုးအိတ်ထဲကိုပြန်ထည့်လိုက်သည်။ ချင်ဝေ့ဟော်ကတော့ စတုတ္ထမြောက်အပိုင်းကို စိန်ခေါ်ရန် အသင့်ဖြစ်နေပြီ။

အန်းနင် ချင်ဝေ့ဟော်ကို မော့ကြည့်လိုက်မိသည်။ အလင်းရောင်က ပြင်းသည်ထက်ပြင်းလာ၍ သူမျက်စိမှေးကြည့်ရ​၏။တစ်ခါတလေ ကြိုးနဲ့ ချင်ဝေ့ဟော်ရဲ့ တောင်တက်အဝတ်အစားတွေကို မမြင်ရ။ ချင်ဝေ့ဟော်က သူ၏ခန္ဓာကိုယ်ကိုသစ်နက် အဖြစ်သို့ ပြောင်းလဲသွားသလို သူခံစားရသည်။

နေရောင်ခြည် အောက်၌ လူသားဖြစ်တဲ့သူ့ကို စဉ်းလဲစွာ ကျီစယ်နေခဲ့သည်။

ရံဖန်ရံခါ ချင်ဝေ့ဟော် dynoလုပ်တဲ့အခါမျိူးဆိုလျှင် ကြိုးက အန်းနင်ရဲ့လက်ကြားမှာ လှုပ်ယိမ်းနေခဲ့သဖြင့် ချင်ဝေ့ဟော်က တမင်တကာ သူ့ရဲ့ အနက်ရောင်အမြှီးရှည်ကို အောက်ချ၍ သူ့ပါးတွေကို ရိုက်ပုတ်နေသလိုပင်။

သူ ကာကွယ်​ရေးစခန်းသို့ရောက်သောအခါ လူသားဖြစ်တဲ့ ကျောင်းမြက်လေးကို ပြန်ပြောင်းသွားပြီး သူ့ကို အော်ပြောလာခဲ့သည်။

"တက်ခဲ့!"

သူတို့ မြင့်သွားလေလေ မတ်စောက်လာလေလေဖြစ်သည်​။ ဗလာကျင်းနေတဲ့ကျောက်နံရံပေါ်က ကျောက်သားနေရာတို့မှာလဲ ပို,ပိုပြီး ဆုပ်ကိုင်ဖို့ခက်လာကာ, အက်ကွဲရာတို့ကလဲ ပိုကျဉ်းမြောင်းလာခဲ့​၏။ ထို့အပြင် ကာကွယ်​ရေးစခန်းတို့မှာလဲ ပိုပြီး ကျဉ်းကျုတ်လာခဲ့သည်။

ချင်ဝေ့ဟော်ရဲ့ အရှိန်နှုန်းကိုတော့ ဘယ်နည်းနဲ့မှ သက်ရောက်နိုင်စွမ်းမရှိသည့်တိုင် အန်းနင် သုံးစွဲရတဲ့ အချိန်ပမာဏကတော့ ကြာသည်ထက်ကြာလာခဲ့ဘေသည်။ ပဉ္စမအပိုင်း ကို သူရောက်တဲ့အခါမှာတော့ ပြီးမြောက်ရန် ခက်ခဲသည်ဟုစတင်ခံစားလာခဲ့ရသည်။ ဆဌမမြောက်အပိုင်းသို့ရောက်ချိန်မှာတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တို့မှာ အဆုံးစွန်ထိတွန်းအားပေးခံရသလိုသာ ခံစားရတော့တာဖြစ်ပြီး ကျန်နေတဲ့ လမ်းကြောင်းကတော့ ထိပ်ဆုံးကိုရောက်ရန် အလွန်ကိုရှည်လျားနေသေး​၏။

🎉 You've finished reading လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』 🎉
လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now