အခန်း ( ၉ )

295 11 0
                                    

Unicode

ဇေယျာက ဆိုင်ကယ်လေးမောင်းလျက် ခြင်္သေ့ကြီးနှစ်ကောင်ရှေ့ကို ထွက်လာခဲ့လိုက်သည်။ ရူပါတို့က ထိုနေရာကနေစောင့်နေမယ်ဟုပြောသည်လေ။ ထိုနေရာကနေ လူစုံသည့်အခါကျမှ ဘိုးဘိုးကြီးနန်းဘက်သို့ သွားမည်ဖြစ်ကာ လှေကားကနေ တောင်ပေါ်တက်ကြမည်ဖြစ်သည်။

ဇေယျာ ခြင်္သေ့ကြီးနှစ်ကောင်ရှေ့ရောက်တော့ ရူပါ့ကို တွေ့လိုက်ရသည်။ ကြည့်ရတာ လူစုံနေပြီဖြစ်ပြီး သူတစ်ယောက်သာ ကျန်တော့တာဖြစ်မည်။ ‌ယောကျာ်းသားဆိုလို့ သူတစ်ယောက်ထဲသာပါသဖြင့် ဇေယျာ နည်းနည်းတော့ ရှိန်မိသည်။ အရင်က သွားစရာတစ်ခုခုရှိရင် အိမ်ကလူကြီးတွေမပါရင်တောင် သန့်ပိုင်ကတော့ အမြဲပါတတ်သည်မဟုတ်လား ...

ဒီနေ့ကျမှ သန့်ပိုင်လည်း ဘာဖြစ်မှန်းမသိ၊ မလိုက်ဖြစ်တော့ဘူးဟု ဖုန်းဆက်ပြောလာသဖြင့် ဇေယျာတစ်ယောက်ထဲ ထွက်လာရခြင်း ။

မလိုက်ဖြစ်တာများ အရင်ရက်တွေတုန်းက တွေ့နေရတာကို တခါထဲမပြောပဲ ဒီနေ့ သွားမယ့်ရက်မှ ဖုန်းဆက်ပြီးပြောရတယ်လို့ !!

ဇေယျာ မကျေနပ်သော်လည်း ဘာမှမတတ်နိုင်ပေ။ သူ့ကိုပြုံးပြနေသော ရူပါ့ကိုသာ အပြုံးတချို့ ပြန်လည်ဝေမျှလိုက်သည်။

ဆိုင်ကယ်ကို ရူပါ့နားလေးမှာ ရပ်လိုက်တော့ ရူပါ့သူငယ်ချင်းမလေးတွေက သူတို့နှစ်ယောက်ကို ပြုံးစိစိနှင့်ကြည့်နေကြသည်။ ကျောင်းမှာ ရူပါနဲ့ တတွဲတွဲဖြစ်နေတဲ့ မေမှူးက

" ဟိုလေ ဇေယျာလင်းထက် ငါတို့မှာ ဆိုင်ကယ်မလောက်ဘူးရော်။ အဲ့ဒါကြောင့် ရူပါ့ကို နင်နဲ့အတူခေါ်သွားပေးလို့ရလား "

‌မေမှူးစကားကို ဇေယျာမငြင်းမိ။ သူကိုယ်တိုင်လည်း အသစ်စက်စက်ရည်းစားလေးနဲ့ နှစ်ယောက်အတူ ဆိုင်ကယ်စီးချင်နေသည်မဟုတ်ပါလား ။

" ရူပါ ... ဒါဆို ငါ့နောက်ကပဲထိုင်လိုက်လေ။ ဘိုးဘိုးကြီးနန်းဘက်ကိုသွားမှာမလား "

" ဟို ... အဆင်ပြေပါ့မလား "

ရှက်ပြုံးလေးပြုံးကာ ပြောနေသည့် ရူပါ့ကို မေမှူးက အတင်းဆွဲကာ ဇေယျာ့ဆိုင်ကယ်ပေါ်တက်ခိုင်းလိုက်သည်။ မိန်းကလေးတွေနဲ့ အရှုပ်အရှင်းကင်းသည့် ဇေယျာ့ကို မေမှူးက သူ့သူငယ်ချင်းမလေးနဲ့ သဘောတူသည့်ပုံပင်။

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Where stories live. Discover now