"အဲ့တာဆို ရှေးစာဆိုကို ခိုးပြေးသွားတာဘယ်သူဖြစ်နိုင်လဲ၊ ဒီရွာက မဟုတ်တာတော့ကြိမ်းသေတယ်၊ ဘယ်နှယ့်အရူးကိုများခိုးပြေးရတယ်လို့၊ ကျုပ်တို့တစ်ရွာလုံးတော့ အံ့ပါ့အေ!"

"ရှေးစာဆိုကိုခိုးပြေးတဲ့လူက၊ ကျွန်မရဲ့တူလေးပါပဲရှင်၊ အခုညောင်ဦးမှာတဲ့ညတွင်းချင်းလဲ လိုက်လို့မရဘူး အီးဟီး"

ဟေ!

ညလေအေးအေးလေးတစ်ချက်တိုက်ခက်သွားကာ ရုတ်ချည်းဆိုသလိုအကုန်လုံးတိတ်ဆိတ်သွားကြသည်။ ရွာသားတွေလဲ ဘာပြောရမလဲမသိတော့တာဖြစ်၏၊ ယောက်ျားလေးတစ်ယောက်က ယောက်ျားလေးကို ပြန်ခိုးပြေးတယ်၊သူတို့ရွာမှာ ဒီလိုအဖြစ်မျိုးမရှိခဲ့တာမို့ ဘာကဘယ်လိုမှားယွင်းလဲဘယ်သူမှမသိ။ ဒေါ်မေမိုးရဲ့တူက မဟုတ်မှ ရှေးစာဆိုကိုကြိုက်နေတာလား။ ရန်ကုန်မှာတုန်းကတော့ မိန်းမပွေတယ်ဆို။ ဒီလိုလူမျိုးက ယောက်ျားအချင်းချင်းခိုးပြေးတယ်ဆိုတာ အနောက်အရပ်က နေထွက်လာသလိုပင်။အကုန်လုံးလဲမျက်စိလည်ကုန်ကြပြီ။ထိုစဥ်ရွာသူကြီး ဒေါ်မေမိုး ပုခုံးကို ခပ်ဖွဖွပုတ်လိူက်ပြီး

"ငိုမနေနဲ့ မေမိုး၊ ဒီညတော့ထားလိုက်တော့၊ မင်းရဲ့တူကလူကြီးပဲဟာ၊
ချင့်ချင့်ချိန်ချိန်စဥ်းစားတက်မှာပါ ၊ အိမ်ပြန်ပြီးသာ မင်းတူကို ထိုင်စောင့်နေလိုက်တော့၊ ရွာသားတွေလဲ ဆက်ရှာဖို့မလိုတော့ပါဘူးနော် အကုန်လုံးလဲ အနားယူလိူ့ရပါပြီ"

သူကြီးပြောလိုက်တော့မှ အကုန်လုံးကသက်ပြင်းချပြီး ထွက်ခွာသွားကြသည်။ ဘယ့်နှယ့် ချင့်ချင့်ချိန်ချိန်စဥ်းစားတက်တဲ့လူကယောက်ျား
တစ်ယောက်လုံးကြီးကို ခိုးပြေးပါ့မလား။ ဒေါ်မေမိုးလဲ အိမ်ရောက်တာနဲ့ ရှိုက်ငိုရင်း ဖုန်းကိုကြည့်လိုက်မိတာဖြစ်၏၊ မနက်ဖြန် သူ့အဖေဖြစ်သူဆီ ဖုန်းခေါ်ရပေအုံးမည်။ တကယ်မလွယ်တဲ့ကောင်ပါ့လား။ သူမ နေရာမှာထိုင်နေရင်းနဲ့အသက်သာထွက်သွားလိုက်ချင်သည်။

**** ****
****

"ဖေဖေဆေးရုံသွားတော့မလို့လား"

"အေး"

ထမင်းစားခန်းထဲကနေ လင်း ဖေဖေ့ကိုလှမ်းကြည့်ပြီးပြောလိုက်တာဖြစ်သည်။

My Weird Husband [ Completed ]Where stories live. Discover now