ကိုတုတ်ကြီးက မီးဖိုခန်းထဲကထွက်လာရင်းစက်ကိုကြည့်ကာ လိုက်ပို့ရမလားဆိုသည့်မျက်လုံးမျိုးနဲ့ ပြန်ကြည့်လိုက်တော့ စက် ခေါင်းငြိမ့်လိုက်တာနဲ့ ကားတစ်စီးသွားထုတ်လိုက်ပြီး ပေါ်တီကိုအောက်ရောက်လာသည်။ လင်း လွယ်အိတ်ကိုင်ရင်း စက်ဘက်လှည့်ကြည့်ကာ လျှာထုတ်ပြောင်ပြီးမှ ကားပေါ်ပြေးတက်လိုက်တာဖြစ်သည်။

"ဟွန်း!နေပေါ့ မလိုက်ပို့စေချင်လဲ ၊ ငါကတောင်ပိုသာယာသေးတယ်၊"

ကားလေးလမ်းပေါ်လှိမ့်ထွက်လာတော့ လင်းကားအပြင်ကိုငေးကြည့်နေဖြစ်သည်။ ကိုတုတ်ကြီးကတော့ ဘာမှမပြောပဲ လင်းကို ကားမှန်ထဲက တစ်ချက်ကြည့်ပြီး ကားကိုဆက်မောင်းနေသည်။ဒီကောင်မ
လေး တကယ်အေးအေးလေးနဲ့နောက်ဆုံးနှစ်အထိ ရည်းစားထားတယ်ဆိုတာလဲမရှိ။ အကိုဖြစ်သူနဲ့တော့တစ်ခြားဆီ။ တခြားလူတွေ
သာမြင်ရင် သူတို့နှစ်ယောက်ကိုမောင်နှမလို့ဘယ်သူမှထင်မည်မဟုတ်။ ထို့နောက် ကားမှန်ထဲကိုတစ်ချက်လောက်ပြန်ကြည့်လိုက်တော့ လင်း စာအုပ်ဖွင့်စာကြည့်နေတာကိုတွေ့လိုက်တော့

"စာမေးပွဲနီးနေပြီလား"

"ဟူတ်၊ ဦးတုတ်ကြီး ဒီနှစ်ကနောက်ဆုံးနှစ်ဆိုတော့ ပိုပြီးကြိုးစားရမယ်လေ"

သိပ်ကိုလိမ္မာတဲ့ကလေးမလေး ။ ကိုတုတ်ကြီး လည်ပင်းလိမ်၍နောက်တစ်ချက်လှည့်ကြည့်ပြီးလင်းကိုပြုံးပြကာ ကားဆက်မောင်းရင်း ရုတ်တရက်ဆိုသလို မျက်လုံးထဲ လူတစ်ယောက်တိုးဝင်လာတာမြင်လိုက်တာနဲ့ ကားဘရိတ်ကိုနင်းလိုက်သည်။လင်းလဲလန့်သွားကာ နောက်ခန်းကနေ ကိုတုတ်ကြီးကိုကြည့်လိုက်ပြီး

"ကျွီ!"

"ဒုန်း!"

"ဦးတုတ်ကြီး တိုက်မိသွားတာလား၊ စောနက ကားရှေ့ကလူတစ်ယောက်ဖြတ်သွားတာလင်းမြင်လိုက်တယ်"

ကိုတုတ်ကြီး ကားပေါ်ကဆင်းပြီး ကားရှေ့လာကြည့်တော့ မိန်းကလေးတစ်ယောက်က လန့်ပြီးထိုင်ချမိပုံရသည်။ တိုက်တာကတော့မတိုက်မိ။ သူမကလဲလန့်သွားသလိုမျက်လုံးမျိုးနှင့် ကိုတုတ်ကြီးကိုကြည့်လိုက်ပြီး မျက်စောင်းရွယ်ကာ အင်္ကျီကိုဖုန်ခါနေတာဖြစ်သည်။ Uniformဝတ်နဲ့အမျိုးသမီးလေးပုံစံက တစ်နေရာကိုအလျင်စလိုသွားချင်နေသလို လမ်းကူးလိုက်တာဖြစ်သည်။

My Weird Husband [ Completed ]Where stories live. Discover now