*142* ကျွန်တော်ရှက်တာပေါ့

Start from the beginning
                                    

ယင်ကျင်းရဲ့ကို ဒီကိုခေါ်လာတဲ့ ကြွက်မည်းက ထိုလူတွေရဲ့ ရုန်ယိအပေါ် ဆက်ဆံပုံတွေကို ပြောပြလာသည်။

ယင်ကျင်းရဲ့မျက်ဝန်းတွေမှာ နှင်းဖုံးသလို အေးစက်သွား၏။ သူက ထပ်ပြီးကြန့်ကြာမနေတော့ဘဲ ရုန်ယိကိုပါ ချီကာ မြေအောက်အကျဥ်းထောင်ထဲကနေ ထွက်လာလိုက်သည်။

ယင်ကျင်းရဲ့ကို ခေါ်လာတဲ့ ကြွက်မည်းက တစ်ခြားသားရဲတွေကို ပြောလိုက်သည်။
"သတင်းဖြန့်လိုက်ကြ.. ကျိုရွှီဂိုဏ်းထဲကနေ ထွက်သွားချင်တဲ့ ဘယ်သူမဆို အခုချိန်ကို အခွင့်အရေးအမိအရယူကြလို့.... သူတို့မှာ ငါတို့ကို ဖမ်းဆီးဖို့ အချိန်မရသေးခင်မှာ ငါတို့အတူတူ ထွက်သွားလို့ရတယ်"

"ကျွိ..ကျွိ..ကျွိ..."
ကြွက်တွေ ရေမြွေတွေက ပြန်ပြောလာကြသည်။ မကြာခင်မှာဘဲ ဂိုဏ်းရဲ့ တောင်တွေ သစ်တောတွေထဲကနေပြီး ထူးဆန်းတဲ့အသံမျိုးစုံကို ကြားလာကြရသည်။ အသိဉာဏ်ဖွံ့ဖြိုးမှုအဆင့် ရောက်ရှိနေပြီဖြစ်တဲ့ သားရဲအသေးလေးတွေမှန်သမျှက ဂိတ်တံခါးကြီးဆီကို အမြန်ပြေးလွှားသွားနေကြလေသည်။

ဂိုဏ်းရဲ့အတွင်းပိုင်းထဲကနေ ထွက်ပေါ်လာတဲ့ ပရမ်းပတာဆူညံပွက်လောရိုက်နေတဲ့ အသံတွေကိုကြားတဲ့အခါ တိုက်ခိုက်နေကြတဲ့ လမ်းမှန်ကျင့်ကြံသူတွေရော.တစ္ဆေကျင့်ကြံသူတွေပါ အသံလာရာဆီကို လှည့်ကြည့်လိုက်ကြ၏။ ထိုအခါ ထောင်နဲ့ချီတဲ့ သေးငယ်တဲ့သားရဲလေးတွေက ပြင်းထန်တဲ့ လှိုင်းလုံးကြီးလိုမျိူး တဟုန်ထိုးရွေ့လျားလာတာကို တွေ့လိုက်ရလေသည်။ ကောင်းကင်ပေါ်မှာ ပျံသန်းတဲ့သားရဲဖြစ်ဖြစ် မြေပေါ်မှာသွားတဲ့သားရဲဖြစ်ဖြစ် အကုန်လုံးက တစ်ညီတစ်ညွတ်တည်း ဂိတ်တံခါးကြီးဆီကို အပြေးသွားနေကြ၏။

တစ္ဆေကျင့်ကြံသူတွေမှာ အံ့အားသင့်စွာနဲ့ ကောင်းကင်ပေါ်မှာပျံသန်းနေတဲ့ သားရဲတွေနဲ့ မြေပြင်ပေါ်မှာပြေးလွှားနေတဲ့ သားရဲတွေကို ကြည့်လိုက်မိသည်။

ယင်ကျင်းရဲ့က ရုန်ယိနဲ့အတူ ကွင်းပြင်ဆီကို ပျံသန်းလာ၏။ နှစ်ဖက်က အင်အားအရ ပုခုံးချင်းယှဥ်နိုင်နေတာကို တွေ့တဲ့အခါ ပျံသန်းရင်းနဲ့ လက်တစ်ချက်ဝှေ့ယမ်းကာ ကျိုရွှီဂိုဏ်းက တပည့်တွေကို လွင့်ထွက်သွားစေလိုက်သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now