*142* ကျွန်တော်ရှက်တာပေါ့

Start from the beginning
                                    

ရုတ်တရက် တစ်ခုခုပြုတ်ကျတဲ့အသံနဲ့အတူ ကျောက်စိမ်းပြားတစ်ပြားနဲ့ လက်စွပ်တစ်ကွင်းက ရုန်ယိဘောင်းဘီထဲကနေ ပြုတ်ကျလာလေသည်။

ထိုကျောက်စိမ်းပြားက ရုန်ယိကို ကာကွယ်နိုင်ဖို့အတွက် သူပေးထားတဲ့ ကျောက်စိမ်းပြားဆိုတာ ယင်ကျင်းရဲ့ တွေ့လိုက်ရ၏။

သူ့မှာ မျက်လုံးထောင့်တွေတွန့်သွားရပြီး ဒါတွေကို ပြန်ကောက်ကာ ရုန်ယိလက်ထဲ ထည့်ပေးလိုက်သည်။

ရုန်ယိက သူ့ဘောင်းဘီသူ အမြန်ပြန်ဝတ်လိုက်ပြီး ကသိကအောက်ဖြစ်စွာနဲ့ ပြုံးပြလာသည်။
"သူတို့က ဒါတွေကို ယူသွားမှာစိုးလို့လေ..ဒါကြောင့် သူတို့ရှာမတွေ့အောင် ကျွန်တော့်ဘောင်းဘီထဲထည့်သိမ်းထားတာ"

"....."
ယင်ကျင်းရဲ့မှာ ရယ်ချင်တာရော စိတ်အနှောင့်အယှက်ဖြစ်တာရော ခံစားလိုက်ရပြီး သူ့မျက်နှာပေါ်မှာ ကူကယ်ရာမဲ့တဲ့ အပြုံးတစ်ပွင့်သာ ပေါ်လာရတော့သည်။

ရုန်ယိ.. ဒီကောင်လေးက ချီသန့်စင်အဆင့်သာရှိသေးတဲ့ ကျင့်ကြံသူလေးတစ်ယောက်ဖြစ်၏။ သူ့ရဲ့လက်ရှိ ခွန်အားအရသာဆိုရင် ကျင့်ကြံဆင့်မြင့်မားတဲ့သူတွေနဲ့ တိုက်တိုက်ရင်ဆိုင်ဖို့ မတတ်နိုင်ပေမဲ့ သူက အခြေအနေတွေကို ဘယ်လိုမျိုး လိုက်လျောညီထွေဖြစ်အောင်နေရမလဲဆိုတာကို သိပြီး အန္တရာယ်တွေကို ဘေးကင်းမှုတွေအဖြစ်ပြောင်းလဲပစ်နိုင်လေသည်။

"သူတို့ မင်းကို ဘယ်လိုအပြစ်ဒဏ်တွေပေးခဲ့ကြတာလဲ"
ယင်ကျင်းရဲ့ မေးလိုက်၏။

ရုန်ယိမှာ ယင်ကျင်းရဲ့နှုတ်ခမ်းတွေလှုပ်သွားတာတွေ့လိုက်ပေမဲ့ သူဘာပြောနေတာလဲဆိုတာ သူမသိ.. ဒါကြောင့် သူမေးလိုက်သည်။
"ခင်ဗျား ဘာပြောလိုက်တာလဲ"

"......"
ယင်ကျင်းရဲ့က ကြွက်မည်းတွေဘက်ကိုသာ လှည့်မေးလိုက်တော့သည်။
"သူတို့ သူ့ကို ဘယ်လိုနှိပ်စက်ခဲ့ကြတာလဲ"

ကြွက်မည်းတွေနဲ့ ရေမြွေတွေမှာ တကျွိကျွိနဲ့ ပြောဆိုနေကြ၏။ သူတို့က ဒီနေရာကနေ မထွက်ကြတာကြောင့် အပြင်ဘက်မှာ ဘာတွေဖြစ်သွားလဲဆိုတာ သူတို့မသိကြပေ။ ဒါကြောင့် အပြင်ဘက်က သားရဲတွေကိုသာ အကူအညီတောင်းပြီး မေးကြရသည်။ တစ်ဆင့်စကားတစ်ဆင့် တစ်ကောင်ကနေတစ်ကောင်ကနေပြီးတော့ သတင်းက သိပ်မကြာခင်မှာဘဲ ပြန်ရောက်လာ၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now