အပိုင်း✨🍁(၁၀)

Começar do início
                                    

“ဟုတ်လားအေ...ကျုပ်ဖြင့်မသိရပေါင်....”

“ဟုတ်တယ်တော်ရေ...သန့်ရှင်းရေးဆောင်ကသတင်းအတိအကျကြားခဲ့ရတယ်...အဟိ...
တို့အရှင်တို့လည်း မကြာခင် သတင်းကောင်းကြားရတော့မှာလားမသိဘူးတော်ရေ....”

“အဲ့ဒီလိုဆိုရင် ဝမ်းသာရတာပေါ့...အရှင်က ဘယ်လောက်တောင် ကင်းရှင်းလိုက်တဲ့သူလဲ....တကယ် တိုင်းပြည်တစ်ခုလုံးအတွက် ကောင်းချီးမတာပဲ....”

စသည့် ရာဇကုဋေ နန်းဆောင်တော်ထဲတွင် အပျိုတော်များတီးတိုးစကားပြောနေကြသည်များကို မဏိကြားယောင်ရင်း သက်ပြင်းကိုအသာအယာချလိုက်မိသည်။

အရှင်ညက ဘယ်ချိန် အပြင်ထွက်သွားမှန်း။သူသတိမထားမိလိုက်။သခင်မလေးကို ပြန်လိုက်ပို့ပေးပြီး နန်းဆောင်ပြန်လာသည့် အချိန်မှ အရှင် အင်ကြင်းဆောင်တွင် မရှိမှန်းသိခဲ့ရသည်။
အရှင် ညက သခင်မလေးနဲ့အတူရှ်ိခဲ့သလား မရှိခဲ့ဘူးလား ဆိုတာ သူသေချာမသိသော်လည်း အစေခံများကတော့ ဘယ်အရာကိုမြင်ခဲ့ပြီး ထိုကဲ့သို့ပြောဆိုနေကြလည်းဆိုသည်ကိုတော့ မဏိမစဉ်းစားတက်တော့။
ထိုအချိန် အရှင် အိပ်ဆောင်ထဲမှထွက်လာသောကြောင့် မဏိ အမြန်ခစားလိုက်သည်။

“မဏိ...”

“မှန်လှပါအရှင်...”

“ကံ့ကော်အဆောင်တော်ထဲက အသုံးအဆောင်တွေက သိပ်အဆင်မပြေလှဘူး....အထူးသဖြင့် အိပ်ရာခင်းတွေ...အနည်းငယ်ကြမ်းတယ်...ဒါကြောင့်
ဒီနေ့အတွင်း ပိုမို‌ကောင်းမွန်တဲ့ အသုံးအဆောင်တွေနဲ့ လဲဖို့ရာ ပြင်ဆင်လိုက်ပါ....”

“အမိန့်တော်အတိုင်းပါအရှင်.....”
မဏိ အရှင်က ဘယ်အချိန်တုန်းကများ ကံ့ကော်ဆောင်ထဲရောက်သွားခဲ့ပါသလဲဆိုတာ နားမလည်နိုင်ဖြစ်သွားရသည်။
ကံ့ကော်အဆောင်တော်ဘက်ခြေဦးတောင်မလှည့်သည့် အရှင်က အသုံးအဆောင်တွေအဆင်မပြေတာကို ဘယ်လိုများသိတော်မူတာပါလိမ့်ဟု စိတ်ထဲတွင်တွေးနေမိသည်။
အပြင်တွင်တော့ ထုတ်ဖော်၍ မမေးရဲ ။အရှင်က စိတ်လိုက်မာန်ပါဒေါသကြီးတက်သည့်လူမျိုး မဟုတ်ပေမယ့် မဏိက ဘုရင်ကိုပြန်‌ပြီး မေးခွန်းထုတ်ချင်၍ မဖြစ်သောကြောင့် သိချင်သော်လည်း မျိုသိပ်နေလိုက်သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Onde histórias criam vida. Descubra agora