Chapter 66

2.4K 456 31
                                    

Unicode



မာချိုးသည်လည်း ဂေးဖြစ်သည်။ လူသိပ်မကြိုက်ကြသည့် မိန်းကလေးဆန်သောဂေးအမျိုးအစားပင်။ သို့သော်လည်း အင်တာတိန်းမန့်လောကထဲ ဝင်ပြီးကတည်းက သူ့ပုံရိပ်က အတော်ပြောင်းလဲသွားသည်။

အင်တာတိန်းမန့်ကုမ္ပဏီက သူ့ပုံရိပ်ကို ပြောင်းလဲပေးလိုက်ပြီးနောက် သူဟာ သစ်ခွပုံလက်ဟန်လည်း မလုပ်ရတော့သလို၊ လည်သာဂျက်ကတ်၊ လည်သာဘောင်းဘီတွေလည်း မဝတ်ရတော့။ ဆံပင်ရှည်တောင် မထားရတော့ပေ။

ထို့ကြောင့် သူက ဆံပင်တိုတိုညှပ်ကာ ရှပ်အင်္ကျီအဖြူကို ဝတ်ရင်း ငွေကြယ်ပွင့်လိုက်ရှာသူတွေ၏ ပါးစပ်ဖျားမှာချစ်စဖွယ် မင်းသားတစ်ပါးဖြစ်လာတော့သည်။

ယနေ့ခတ်မှာ ရေပန်းအစားဆုံးယောက်ျားလေးများဟာ *နိုင်ယုံရှောင်ရှန်း များသာဖြစ်သည်။မာကျိုးဟာ ရုပ်ရည်ချောမောကာ အနုပညာရှင်တစ်ယောက်၏ စိတ်နေစိတ်ထားပါရှိနေတာကြောင့် မိန်းကလေးတွေ၏ နှစ်သက်မှုကိုရဖို့ လွယ်လေသည်။

(*နိုင်ယုံရှောင်ရှန်း : ချောမောပေမဲ့ မိန်းမချော ချောသည့် ယောကျာ်းလေးများ)

သို့ပေမဲ့ မာချိုးက *ကြွေပန်းအိုးလို ကြယ်ပွင့်ပဲဖြစ်ချင်တာမဟုတ်ပေ။ သူက အင်တာတိန်းမန့်လောက၏ အမြင့်ဆုံးထိ သွားချင်သည်။ ထို့ကြောင့်ပင် အခွင့်အရေး ရလာချိန်မှာ တုံ့ဆိုင်းခြင်းမရှိ ဖမ်းဆွဲခဲ့ခြင်းပင်။

(*ကြွေပန်းအိုး : အဆင်းသာရှိ၊ အချင်းမရှိခြင်းကို ဆိုလိုသည်။)

တချို့လူတွေက ဖုံးကွယ်ထားသည့်စည်းမျဥ်းများ(စပွန်ဆာယူရခြင်း)နှင့် ရင်ဆိုင်ရချိန်မှာ တွန့်ဆုတ်နေကြပေမဲ့ သန်မာချင်သည့်လူတွေကတော့ ထိုစည်းမျဥ်းတွေကိုသာ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားရုံ ရှိ ပေ၏။

မာချိုးကို ပျိုးထောင်ပေးသည့်လူက လုကျန့်ဖေး၏ သူငယ်ချင်း စွန်းပိုင်ချီ၏ ပြောင်ရှုန်း(ဝမ်းကွဲ အစ်ကို) ဖြစ်သူ စွန်းယိယန် ဖြစ်သည်။ စွင်းပိုင်ချီသာမရှိလျှင် သူဟာ ဒီနေ့ ထမင်းစားပွဲဝိုင်းမှာ ထိုင်ဖို့ အခွင့်အရေးတောင် မရှိပေ။

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now