Chapter 55

2.2K 428 19
                                    

Unicode


မိခင်တစ်ယောက်အနေဖြင့် လျို့ဟွားမေဟာ လွှမ်းမိုးချုပ်ကိုင်ထားဖို့ ရည်ရွယ်ချက်မရှိပေ။ သူမက ချန်ချန်းချင်းကို အစွမ်းကုန်ချစ်ပေး၍ ချန်ချန်းချင်းအတွက်ဆို အရာအားလုံးပေးဆပ်ဖို့ ဆန္ဒရှိပေသည်။

ချန်ချန်းချင်းနှင့်လျို့ဟွားမေ၏ သားအမိဆက်ဆံရေးက အလွန်ကောင်းမွန်သည်။ ထို့ကြောင့်ပင် လျို့ဟွားမေနှင့် ချန်ချင်းယန်တို့ ကားအက်ဒီးဒန့်ဖြင့် နေရာမှာတင်သေဆုံးသွားချိန်မှာ ချန်ချန်းချင်းဟာ လုကျန့်ဖေးကို အရိုးထိအောင် မုန်းတီးသွားခဲ့ခြင်းဖြစ်သည်။

လျို့ဟွားမေတို့၏ သေဆုံးမှုက မတော်တဆဖြစ်ပေမဲ့လည်း ချန်ချန်းချင်းကတော့ လုကျန့်ဖေးကြောင့်သာဟု မှတ်ယူထားသည်။ အကြောင်းမူ အကယ်၍ လုကျန့်ဖေးကသာ သူ့ကို အကျဥ်းချမထားခဲ့ဘူးဆိုလျှင် လျို့ဟွားမေနှင့် ချန်ချင်းယန်ဟာ မြို့တော် Bကနေ မြို့တော် A သို့ အလျင်စလို လာကြမည်ဟုတ်သလ်ု လေဆိပ်အထွက် အမြန်လမ်းမကြီးမှာ သေဆုံးသွားမှာလည်း မဟုတ်သောကြောင့်ပင်။

ချန်ချန်းချင်း မပြန်ခင်မှာ လျို့ဟွားမေက ချန်ချန်းချင်းအတွက် အထူးစပါယ်ရှယ်ပစ္စည်းများစွာကို ပြင်ဆင်ပေးသည်။

မိဘတွေကတော့ အိမ်ကရှိသမျှပစ္စည်းကောင်းတွေကို သူတို့သားသမီးတွေအား ပေးချင်ကြသူချည်းပင်။ ချန်ချန်းချင်းဟာ ငြင်းပေမဲ့လည်း မရတာကြောင့် မယူမဖြစ်ယူရတော့သည်။

မြို့တော် B မှာ နောက်ဆုံးတော့ နှင်းကျတာ ရပ်သွားခဲ့သည်။ သာယာသော ရာသီဥတုဟာ ခရီးထွက်ဖို့အတွက်အပြီးပြည့်စုံဆုံးပင်။ ချန်ချင်းယန်က ချန်ချန်းချင်းကို လေဆိပ်သို့ လိုက်ပို့ပေးကာ လျို့ဟွားမေကတော့ ဂရုစိုက်ဖို့ ထပ်မံသတိပေးလေသည်။

လျို့ဟွားမေ၏ ဂရုစိုက်မှုတို့နှင့် ရင်ဆိုင်ရချိန်မှာတော့ ချန်ချန်းချင်းမှာခေါင်းချည်း ဆက်တိုက်ညိတ်ပြရတော့သည်။

"ချန်းချင်း...သား ဟိုရောက်ရင် ကျန်းမာရေးကို ဂရုစိုက်နော်။ ပိုက်ဆံမလောက်ရင် သားဖေဖေနဲ့ မေမေ့ကို ဖုန်းဆက်လိုက်။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံမနေနဲ့"

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now