Part 6 (Final part)

3.4K 214 9
                                    

ကားဂိတ်မှ ပြန်လာပြီးနောက် ဆောင်းနှင်းချို၏ စိတ်တို့မှာ ရောင်စုံလွင့်မျောနေလေသည်။ ချစ်သူကိုဆုံးရှုံးရမှာကြောက်ခြင်း၊ ထက်မြတ်ဦး ဆိုသူကို မုန်းခြင်းတို့ကို တပြိုင်တည်းခံစားရပြီး တိုက်ဆိုင်လာသည့် ကံကြမ္မာတို့ကို ခံပြင်းနေမိသည်။ 'Snow လေး အရင်ပြန်နှင့်နော်' ဟူသောစကားနှင့်အတူ ထိုသူနှင့်ပါသွားသော ဆရာမမိုးသားမြူကိုကြည့်ရင်း နှလုံးသားတို့ အဆမတန်နာကျင်လာသည်။ ထို့နောက် ဆရာမမိုးသားမြူ၏ အိမ်သို့မပြန်ပဲ သူမအိမ်သို့သာ ဆောင်းနှင်းချို ပြန်လာခဲ့မိသည်။ ဆရာမမိုးသားမြူအပေါ်တွင် ပေးဆပ်သောချစ်ခြင်းနှင့် ချစ်ပင်လေးပျိုးခဲ့မိသောကြောင့် ဖူးပွင့်လာမည့် အသီးအပွင့်တို့ကိုတော့ သူမ ရသင့်သည်ဟု ဆောင်းနှင်းချို တွေးနေမိသည်။

'Snow နေကောင်းရဲ့လား.. ကိုယ်တွေပူနေသလိုပဲ.. ခရီးပန်းသွားပြီထင်တယ်'

နဖူးပေါ်လက်တင်ပြီးစမ်းကာ ပြောလာသော အဒေါ်ဖြစ်သူ၏ အသံကြောင့် ဆောင်းနှင်းချို အိပ်နေရာမှ ထထိုင်လိုက်ပြီး..

'တီလေး.. သမီး Sensei ကို ချစ်မိတာမှားလားဟင်'

ဆောင်းနှင်းချို ၏ အဒေါ်ဖြစ်သူ နှင်းသက်ဝေ သက်ပြင်းရှိုက်လိုက်မိသည်။ Snow ဆိုသည့် ထိုကလေးမလေးသည် ငယ်စဥ်ကတည်းကမှ ငိုယိုပူဆာခြင်း နည်းပါးသည့်အပြင် စိတ်ထားကောင်းပြီး သည်းခံတတ်သူလေးဖြစ်သည်။ အမြဲပြုံရွှင်နေပြီး ကြည်လင်နေသော မျက်နှာလေးတွင် ယခုတော့ဖြင့် သောကပူဆွေးမှု အရိပ်အယောင်တို့ ယှက်သန်းနေသည်ကို မြင်နေရလေသည်။

'ကလေး.. ဘာဖြစ်ခဲ့တာလဲ.. ဆရာမနဲ့ အဆင်မပြေဘူးလား.. တီလေးကိုပြောပြလေ.. တီလေး နားထောင်ပေးမှာပေါ့'

နဂိုကတည်းက ဝမ်းနည်းစိတ်တို့ပြည့်လျှမ်းနေသောစိတ်သည် နှစ်သိမ့်ပေးမည့်သူ ရှိသောအခါ နာကျင်မျက်ရည်တို့အဖြစ် ကူးပြောင်းသွားလေသည်။ ဆောင်းနှင်းချို.. အဒေါ်ဖြစ်သူကိုဖက်ကာ သည်းထန်စွာငိုကြွေးလိုက်သည်။

'ကလေးရေ.. Snow လေး.. ဧည့်သည်လာတယ်.. အရေးကြီးလို့ပါတဲ့'

အောက်ထပ်မှ မိခင်ဖြစ်သူ၏ ခေါ်သံကြောင့် မျက်ရည်တို့ကိုသုတ်ကာ အဒေါ်ဖြစ်သူရင်ခွင်မှထကာ ဆောင်းနှင်းချို အောက်ထပ်သို့ဆင်းသွားသည်။ နှင်းသက်ဝေ စိတ်မကောင်းကြီးစွာဖြင့် ကျန်ရစ်ခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Mar 21, 2022 ⏰

Add this story to your Library to get notified about new parts!

My beloved sensei (Complete)Where stories live. Discover now