Part 5

2.2K 161 6
                                    

'မနက်ဖြန် ပုဂံကို အတန်းအားလုံး Excursion ထွက်ကြမှာမလား'

'Hai.. Sensei.. Sensei က မလိုက်ချင်လို့လား'

'မဟုတ်ပါဘူး.. အခုလို Japanese Class အားလုံးအတူသွားတာ ရှားတယ်လေ ပြီးတော့ Sensei အနေနဲ့ ကိုယ့်ကလေးတွေကို ထိန်းရမယ်လေ'

မြူ ပြောသာပြောလိုက်ရသည်။ ကိုယ့်စိတ်ကို ကိုယ်သာအသိဆုံးဖြစ်သည်မလား။ ဖြူဝင်းသော အသားအရည် မြင့်မားသောအရပ်နှင့် သွယ်လျသောကိုယ်ခန္ဓာကို ပိုင်ဆိုင်သည့် ဆောင်းနှင်းချိုကို မြူမပါပဲ ခရီးထွက်စေဖို့ အဘယ်မှာစိတ်ချပါအံ့နည်း။ Third year ရောက်လာပြီဖြစ်ပြီး တနေ့တခြား လှပနေသော ဆောင်းနှင်းချိုမှာ Queen ဆိုသည့် Crown ကို ထိုက်တန်စွာပိုင်ဆိုင်နေဆဲဖြစ်သည်။ မေတ္တာသဝဏ်လွှာ ဆက်သသူ၊ ပန်းဆက်သသူ၊ လက်ဆောင်ပဏ္ဏာပေးကမ်းသူတို့နှင့် ဝန်းရံနေပြီး ကောင်လေးများသာမက ကောင်မလေးများကပါ စိတ်ဝင်စားကြသော ဆောင်းနှင်းချိုမှာ ရောင်စုံလိပ်ပြာတို့ဝဲနေသည့် ပန်းပွင့်လေးသဖွယ် လှသွေးကြွယ်လှပေသည်။ ထိုမိန်းကလေးကို သူမကွယ်ရာသို့ တစ်ယောက်တည်းလွှတ်ဖို့ရန် မြူ စိတ်မချနိုင်ပါ။ ဆောင်းနှင်းချိုသည် သူမအပေါ်တွင် နားအလည်ဆုံးနှင့် အကောင်းဆုံးသောလက်တွဲဖော်ဟု သေချာပြီးသည့်နောက်...။

'မင်းက Packing လုပ်ပြီးပြီလား.. တို့ ဘာမှမလုပ်ရသေးဘူး'

'လုပ်ပြီးပါပြီ Sensei.. Sensei စိတ်မပူပါနဲ့.. Sensei အတွက်လဲ အားလုံးပြင်ပြီးပါပြီ.. အခန်းထောင့်က Laggage အနီလေးထဲမှာ အကုန်ထည့်ထားပါတယ်.. ၂ညအိပ် ၃ရက်ခရီးဆိုတော့ Laggage နဲ့ပဲ ထည့်လိုက်ပါတယ်.. Sensei စစ်ကြည့်ပါဦး.. လိုတာရှိနေမှာ စိုးလို့ပါ'

မြူ အံ့သြသွားသည်။ ဆောင်းနှင်းချိုကို ကြည့်လိုက်တော့ အိပ်ရာပေါ်တွင် လျှော်ပြီးသားအဝတ်တို့ကို သေသေချာချာ စီစီရီရီ ခေါက်နေသည်ကို တွေ့ရသည်။ ထိုကောင်မလေးသည် သူမကို အမြဲအံ့အားသင့်စေပြီး တောင်းဆိုစရာမလိုသည့် ဂရုစိုက်ခြင်း၊ကြင်နာခြင်းတို့ကို ဖန်တီးပေးလေ့ရှိသည်။ မြူ Laggage အနီလေးကိုဖွင့်လိုက်တော့ ပူအိုက်သောရာသီနှင့် အဆင်ပြေမည့် အဝတ်အစားတို့ကို သပ်ရပ်စွာနေရာချထားသည်ကို မြင်ရသည်။ ထို့နောက် သွားတိုက်တံ၊ သွားတိုက်ဆေး၊ မျက်မှန်၊ ဦးထုပ်နှင့် အခြားမိန်းကလေးသုံးပစ္စည်းများအပြင် Skin care လုပ်ရန် Cosmetics များကိုပါ စုံလင်စွာပြင်ဆင်ထည့်ပေးထားသည်။ မြူကိုယ်တိုင်ပင် ထိုကဲ့သို့ ထောင့်စေ့အောင် မပြင်ဆင်တတ်ပါ။

My beloved sensei (Complete)Where stories live. Discover now