Part 4

2.1K 167 5
                                    

'Sensei.. Sensei ကို ပြောစရာရှိလို့ပါ.. လာလို့ရမလား Sensei'

Verandah ဘက်တွင် Cigarette ကို Style ကျကျသောက်နေသော မြူ.. ဆောင်းနှင်းချိုအသံကြောင့် လှည့်ကြည့်လိုက်သည်။ အိမ်နေရင်း မြင်းခြံချည်ထည်ဝမ်းဆက်လေးဝတ်ထားပြီး ကျောလယ်ရှိဆံနွယ်တို့ကို ၂ ဖက်ခွဲချည်ထားသည်။ ဆရာမကို ရိုကျိုးစွာပြောနေသော ဤတပည့်မလေးသည် သူမ၏လက်တွဲဖော် ဖြစ်လာခဲ့သည်တဲ့လား။ မြူ့ အသက်က ၃၂ နှစ်ထဲရောက်လာချိန်တွင် ဆောင်းနှင်းချိုမှာ ၁၉နှစ် ပြည့်ခဲ့ပြီးဖြစ်သည်။ ၁၀ နှစ်မက အသက်ကြီးသောသူမအပေါ် ထိုကောင်မလေး သူ့ဘဝတစ်ခုလုံးပုံအပ်ကာ ချစ်ပေးခဲ့သည်ဆိုသောအချက်က မြူ့နှလုံးသားကို ထိရှစေသည်။

'လာလေ.. ဘာပြောမလို့လဲ'

မြူ.. Cigarette ကို Ashtray (ပြာခွက်) ထဲသို့ ဖိချေလိုက်သည်ကိုကြည့်ပြီး ဆောင်းနှင်းချို သဘောကျမိသည်။ ဖဲသားဂါဝန်ရှည် အညိုရောင်လေးနှင့် ခါးလယ်ရှိဆံနွယ်တို့ကို ဆံထိုးလေးဖြင့် ထုံးဖွဲ့ထားသော ဆရာမ မိုးသားမြူမှာ အလွန်ပင်ကြည့်ကောင်းနေသည်လေ။ ဆောင်းနှင်းချို Cigarette အနံ့မခံနိုင်မှန်းသိ၍ သူမ အနားသို့ ဆောင်းနှင်းချိုလာလျှင် ယခုကဲ့သို့ ဖိချေပစ်တတ်သည်။

'သမီး အိမ်ပြန်နေမလားလို့'

'ဘာာာ.. ဘာလို့ပြန်မှာလဲ'

ဆောင်းနှင်းချို ပြောသည်ကို မြူ မျက်မှောင်ကြုံ့ကာ ခွန်းတုံ့ပြန်လိုက်သည်။

'ဟို.. ဟို.. စာမေးပွဲနီးပြီ ဆိုတော့လေ.. အဲ.. အဲ့ဒါ သူငယ်ချင်းတွေကလဲ စာစုဖတ်ချင်လို့ လာချင်တယ်တဲ့.. ပြီးတော့ ဟို.. Sensei အိမ်နေမှန်းသိရင် ဟို..'

'ရပြီ.. ဆက်မပြောနဲ့တော့.. သဘောပေါက်ပြီ'

'ဟုတ်.. ဟုတ်.. အဲ့ဒါ'

ရုတ်တရက် မြူ.. ရပ်နေရာမှ ဆောင်းနှင်းချို အနီးမှဖြတ်ကာ အခန်းထဲ ဝင်သွားလိုက်သည်။ ဆောင်းနှင်းချိုမှာ ကြောင်အမ်းအမ်းဖြစ်ကာ ကျန်ရစ်ခဲ့သည်။ Sensei စိတ်ဆိုးသွားတာလား..။

xxxxxxxxxxxxx

'ရော့.. သမီးငယ်လေး စာမေးပွဲနီးနေပြီဆိုတော့ အားရှိအောင်များများစား.. ရော့ ဒါလေးက သမီးငယ်ကြိုက်တဲ့ ပုစွန်တုတ်လေး ထည့်စားနော်'

My beloved sensei (Complete)Where stories live. Discover now