"Hello...ကျောင်းအုပ်ကြီး"

အသံကြားတော့Daraလဲခေါင်းထောင်ကြည့်ရင်း တပ်ထားတဲ့မျက်မှန်ကိုချွတ်ကာမုန့်ထုတ်တေကိုင်ပီးအခန်းဝမှာပြုံးပီးရပ်နေတဲ့ Lisaကိုတွေ့လိုက်တော့အံ့သြသွားကာ...

"Lisa..."

"အေး...ငါ့ကိုအထဲခေါ်ပါအုန်းဟ "

"အာ့ အေး အေး ဝင်။ငါကနင့်ကိုရုတ်တရက်ကြီးတွေ့တော့အံ့သြသွားလို့ပါ..."

"ဟုတ်ပါပီ"

Daraခေါ်တော့မှLisaလဲစားပွဲပေါ်မှာဝယ်လာတဲ့ မုန့်ထုတ်တေတင်ရင်းSofaမှာဝင်ထိုင်လိုက်တော့ DaraကLisaဘေးဝင်ထိုင်လိုက်ကာ...

"ပြောပါအုန်း။အခုဘာကိစ္စကျောင်းကို လူကိုယ်တိုင်ရောက်ချလာရတာလဲ။ငါပြောထားတယ်လေ၊ မလာခဲ့နဲ့လို့"

"နောက်ဆိုကျောင်းကိုအခေါက်ခေါက်အခါခါ ရောက်တော့မှာ။အခုကလဲ Youngတို့စာမေးပွဲနီးနေလို့ မုန့်လာပို့ရင်းလာကြည့်တာ."

ပြုံးပီးပြောနေတဲ့ Lisaကြောင့် Daraက

"Borrr..အခေါက်ခေါက်လာရတဲ့အထိနင်ကအားနေလား။ပီးတော့နင်ပြောတဲ့ Youngတို့ဆိုတာကဘာအဓိပ္ပာယ်လဲ..Lalisa Shi."

"အားတယ်။ငါကCEOလေ။ပီးတော့ငါကျောင်းကိုလာတာက သဲငယ်ကိုတွေ့ချင်လို့..."

"ဘာ ဘာကြီး။သဲငယ် ဘယ်ကသဲငယ်လဲ..."

"နင်ကြည့်မရဘူးပြောနေတဲ့ Kim Jennieနဲ့ငါက ချစ်သူတေဖြစ်သွားကြပီ။ငါကJennieကို သဲငယ်လို့ခေါ်တာလေ."

Lisaစကားကြောင့် Daraရှော့ရသွားကာ..

"Borrr.နင်ရူးနေတာလားLalisaရဲ့။ငါပြောနေတဲ့ကြားကကို။တိုင်မယ် နင့်ကိုYoungနဲ့"

"ဟား ဟား Youngသိပီးသွားပီ။နင်တိုင်လဲ အလကားပဲ ဟဟ..."

Lisaကပျော်နေတဲ့ပုံစံဖြစ်နေတဲ့အတွက်Daraက...

"နင် ငါ့ကိုလာနောက်နေတာလား Lisaရယ်..."

"အာ့ညီး မနောက်ဘူး။ငါအတည်ပြောနေတာ."

"Jennieအကြောင်းကိုနင်ဘာသိလို့လဲ။သူက..."

Daraစကားကိုအဆုံးသတ်ခွင့်မပေးပဲ Lisaကဝင်ပြောလိုက်တယ်။

🌼အချစ်ကိုသိချိန်🌼{Completed}Where stories live. Discover now