Part-4🌼

2.8K 274 16
                                    

Lisaပြောတဲ့စကားကို Youngနဲ့Daraကအသည်းအသန်ကန့်ကွက်နေတာကြောင့်တပ်ထားတဲ့ မျက်မှန်လေးကိုထပ်ပြီးပင့်လိုက်ကာ Lisaမျက်မှောင်ကြုတ်ရင်း...

"နေပါအုန်း နင်နဲ့Youngက ဘာလို့ အဲ့လောက်ထိတားနေရတာလည်း ငါကအဲ့ခလေးကိုပြုပြင်ပေးချင်ရုံပါ....."

"Youngခွင့်မပြုဘူးလို့..."

"အေး ငါလည်းYoungနဲ့အတူတူပဲ..."

"ဘာလို့လည်း...အဲ့ခလေးကိုကြည့်ရတာ အဲ့လောက်ထိလည်းဆိုးတဲ့ပုံ မပေါ်ပါဘူး..."

"Unnieက ဒီနေ့တစ်နေ့လေးပဲ မြင်ပီးပြောလိုက်တာလေ Jennieက Unnieထင်ထားတာထပ် ပိုဆိုးတယ်...."

"Lisa yarrr....ငါတို့က နင့်ကိုစိတ်ပူလို့ပြောနေတာ ပြုပြင်ပေးချင်ရုံနဲ့တော့ နင်လူတစ်ယောက်ကို ချဥ်းကပ်မှာမဟုတ်ဘူးဆိုတာ ငါသိတယ် နင်က ကျောင်းမှာကတည်းက Smile Iceဆိုတဲ့ နံမည်ကိုရထားတဲ့သူ..."

Daraက သူကျောင်းတက်တုန်းက နံမည်ပြောင်ရထားတဲ့ Smile Iceဆိုတဲ့ နံမည်ကိုပါထည့်ပြောလာတာကြောင့် Lisaရယ်လိုက်ရင်း...

"အဲ့တာနဲ့ ဘာဆိုင်လို့လည်း ...."

"ဆိုင်တယ်လေ နင် ကျောင်းတက်တဲ့အချိန်တုန်းက နင့်ကို လာပြောသမျှ ယောကျ်ားလေးနဲ့မိန်းခလေးတေကို အပြုံးမျက်နှာလေးနဲ့ အကုန်ငြင်းလွှတ်တာလေ အဲ့တာကြောင့် Smile Iceဆိုတဲ့ နံမည်ပြောင်ကို ရထားတာ မဟုတ်လို့လား...."

"ဟား ဟား ဟုတ်ပါပီ ..."

"ရယ်မနေနဲ့ Unnie...Youngပြောပီးသားနော် Unnieတစ်ခြားသူကို စိတ်ဝင်စားလို့ရတယ် Kim Jennieကိုတော့မရဘူး လုံးဝပဲ"

Youngက လက်ကိုအမှားခြစ်သင်ကေတလုပ်ပြုကာ ကန့်ကွက်နေတာကြောင့် Lisaလည်း...

"Ommပါ Youngမကြိုက်တာ Unnieမလုပ်တော့ပါဘူး...အခုတော့ အတန်းသွားတက်တော့...."(smile)

"တက်မယ်Youngကိုတော့... ဂတိပေး Jennieနဲ့ လုံးဝမပတ်သတ်ပါဘူးလို့...."

Youngရဲ့ ဂတိတောင်းနေတဲ့ စကားကြောင့် Lisaပြုံးလိုက်ကာ...

"Omm Unnieဂတိပေးပါတယ် ...Promise"

Youngကိုဂတိပေးလိုက်ပေမယ့် Lisaစိတ်ထဲတွင်တော့...

*sorry ...Youngလေး Unnieအဲ့ခလေးကို တကယ်စိတ်ဝင်စားမိသွားတာ ဒါပေမယ့် Unnieဖက်က အရင်စလိုက်ဖို့ လက်လျော့လိုက်ပေမယ့် အဲ့ခလေးဖက်က စပြောလာရင်တော့ Unnieလက်ခံမိမယ်ထင်တယ် ဘာလို့ဆိုတော့ Unnieရဲ့ ရေခဲတုံးလိုဖြစ်နေတဲ့နှလုံးသားက သူ့အကြည့်တေကြောင့် ရင်ခုန်သံတေမြန်လာပြီးအရည်ပျော်သွားခဲ့ပြီလေ...မိအားနဲ...*

🌼အချစ်ကိုသိချိန်🌼{Completed}Where stories live. Discover now