Part-13🌼

2.3K 241 17
                                    

ချော့နေတဲ့ခလေးကပိုငိုတယ်ဆိုတဲ့အတိုင်း JenကိုLisaက ပုခုံးလေးကိုခပ်ဖွဖွပုတ်ကာချော့နေတာကြောင့် ငိုသံကရပ်မသွားသလို ခန္ဓာကိုယ်လေးကပါတုန်ယင်နေဆဲ....

"အင့် ဟင့်....ဟင့်..."

Lisaလည်း ရင်ခွင်ထဲကငိုနေဆဲ အကောင်ပေါက်လေးကို ရင်ခွင်ထဲကထုတ်လိုက်ရင်း မျက်ရည်စတေကို ကုန်အောင်သုတ်ပေးနေကာ ငိုထားတာကြောင့် မျက်လုံးလေးတေကဖောင်းပီးရဲနေသလို မျက်ခွံ့ပေါ်ကမှဲ့နက်လေးဆီကို လက်ကမခိုင်းစေပဲရောက်မိသွားကာ လက်လေးနဲ့တို့ထိရင်း Jenကိုစိုက်ကြည့်လိုက်ရင်း....

"ကိုယ်တောင်းပန်ပါတယ် မငိုပါနဲ့တော့ မင်း မင်းမျက်ရည်တေကိုမြင်နေရတာ ကိုယ့်ရင်ထဲမှာနာကျင်လာမိတယ်...."

မျက်မှန်အောက်က မျက်ဝန်းထဲမှာလည်းမျက်ရည်စတစ်ချို့ကအရောင်လဲ့နေတာကိုJenတွေ့လိုက်မိတာကြောင့် ခေါင်းငြိမ့်လိုက်ရင်း Lisaလက်လေးကိုအပေါ်ကထပ်အုပ်ကိုင်လိုက်ကာJenကLisaကိုပြန်စိုက်ကြည့်ရင်း....

"သဘောကျတယ်....ပါးပါးကို အရမ်းသဘောကျတယ်လို့....ပါးပါးရဲ့ မျက်မှန်အောက်က မျက်ဝန်းဝိုင်းဝိုင်းလေးကို Jenအရမ်းသဘောကျတယ်...."

Jenပြောလိုက်တဲ့စကားတဲ့ ပါးပါးဆိုတဲ့နာမ်စားလေးကြောင့် Lisaအံ့သြသွားကာ....

"ဟင်..."

"တကယ်ပြောနေတာ Jen...ပါးပါးကို အရမ်းသဘောကျတယ် Jenတို့တွဲကြရအောင်...."

Lisaပါးလေးကို ခပ်ဖွဖွပွတ်ရင်း Jenမျက်ရည်စတေကြားက ပြုံးကာပြောနေတာကြောင့် မြန်နေတဲ့ရင်ခုန်သံတေကိုထိန်းထားရင်း ရင်ဘတ်ကပါ တင်းကျပ်ပီးအောင့်လာတာကြောင့် အသက်ကိုဝဝပြန်ရှုရင်း Jenကြည့်နေတာကိုLisaမျက်နှာလွှဲလိုက်ကာ...

"တွဲ တွဲမယ်ဟုတ်လား..."

"Omm..."

Jenကပြုံးပီးခေါင်းငြိမ့်ကာပြောနေပေမယ့် Lisaကတော့ တပ်ထားတဲ့မျက်မှန်လေးကို ပင့်တင်လိုက်ရင်း...

"မင်းနဲ့ကိုယ် တွေ့ဖူးတာက ဒီနေ့နဲ့မှ နှစ်ရက်ရှိသေးတာလေ ပီးတော့ ...."

"ဟင့်အင်း အဲ့တာတေJenမသိချင်ဘူး Jenသိတာက ပါးပါးကို သဘောကျတယ် ပါးပါးနဲ့Jenတွဲချင်တယ်...."

🌼အချစ်ကိုသိချိန်🌼{Completed}Where stories live. Discover now