“ ဘယ်ဟာ အရင်နားထောင်မှာလဲ ကိုကိုက”

“ အင်း ဘယ်ဟာ နားထောင်ရင်ကောင်းမလဲ သတင်းဆိုးပဲ အရင်”

“ ဟုတ်ပြီ သတင်းဆိုးကတော့ မေမေက ကျွန်တော်တို့ကို ခေါ်နေတယ် မဖြစ်မနေလာရမယ်တဲ့”

“ ဟင် အမေက ခေါ်တာကို ဘာသတင်းဆိုးလဲ”

“ ဆိုးတာပေါ့ ကိုကိုရ ပါပါးနဲ့က တည့်တာမှ မဟုတ်တာကို”

“ အင်းပါ ဒါဆို သတင်းကောင်းကရော”

“ သတင်းကောင်းကတော့ မေမေတို့က တောင်ကြီးလာမှာတဲ့ ပါပါးဘက်က ဘကြီးက မဆုံးခင် အမျိုးတွေ စုံစုံလင်လင်တွေ့ချင်လို့တဲ့”

“ ဟော ဒါကရော ဘာလို့ သတင်းကောင်းဖြစ်ရပြန်တာတုန်း”

“ ဪ ကိုကိုရယ် ဟိုအထိသွားစရာမလိုတော့ဘူးလေ တောင်ကြီးတင်ပဲဆိုတော့ သွားရတာလည်း နီးတယ် ပြီးတော့ ကျွန်တော်တို့ ခရီးမသွားရတာ ကြာပြီလေ ခရီးထွက်ရတာပေါ့ မဟုတ်ဘူးလား”

“ အဲဒီလိုလား ခရီးထွက်ရတာတော့ ကောင်းပေမယ့် ညီရယ် အလုပ်တွေကျတော့ ဘယ်လိုလုပ်မလဲ ခွင့်တော့ယူရမှာပေါ့ ရပါတယ် လူကြီးတွေလာတုန်းတွေ့ရတာဆိုတော့လည်း ယူရမှာပေါ့”

“အမယ်လေးဗျာ မပူပါနဲ့ ကိုအလုပ်ချစ်သူကြီးအတွက် စဉ်းစားပြီးသား ဟောဒီမှာ ကြည့်လိုက် ဒါဘာလဲ”

ဖုန်းကို ထိုးပြနေတဲ့ ညီ့ကိုကြည့်ပြီး နားမလည်သလို ဖုန်းကိုကြည့်လိုက်၊ သူ့မျက်နှာကို ကြည့်လိုက်

“ ဘာလဲ အဲဒါ … ဖုန်းလေ ညီ ဖုန်းအသစ်လိုချင်လို့လား”

“ ကိုကိုရေ ကိုကိုနဲ့တော့ ဒုက္ခပါပဲဗျာ ပြက္ခဒိန်ပြတာဗျ ပြက္ခဒိန် တကယ်ပါပဲ”

“ ဪ ဟုတ်သားပဲ တွေ့တယ်လေ ပြက္ခဒိန် ဘာလို့လဲ”

“ ဒီမှာတွေ့လား ငါးရက်တော့ ပိတ်သဗျား”

“ ဟုတ်လား ဘာလို့ပိတ်တာလဲ”

“ သီတင်းကျွတ် ရုံးပိတ်ရက်ပါ အစ်ကိုတော်ဘုရား”

စိတ်မရှည်သလို ခပ်ရွဲ့ရွဲ့ပြောနေတဲ့ဟန်ပန်ကြောင့် သဘောတကျ ရယ်မောလိုက်ရင်း

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now