လက်ချောင်းသွယ်သွယ်တွေက အညိုဖျော့ဖျော့ပေါက်ပေါက်ဆုပ်တွေကို ကုပ်ယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်ကာ ဖြည်းဖြည်းချင်းဝါးနေလိုက်၏။

မျိုချပြီးတဲ့နောက်မှာ ရှန်ရိကျင်းကစကားဆိုလိုက်၏
" အရသာရှိတယ်"

"ဟီးဟီး ဟုတ်တယ်မလား?" ကျင်ရွှင်က အောင်မြင်မှုကိုမျှဝေတဲ့ပုံစံမျိုးဖြင့် သူ့အားပြုံးပြလိုက်ပြီး ကျေနပ်ပျော်ရွှင်မှုနဲ့ မိမိကိုယ်ကို အားရမှုအနည်းငယ်ခံစားလိုက်ရသည်။

တစ်ခဏကြာပြီးနောက် ရုပ်ရှင်ရုံထဲကမီးတွေ ပိတ်သွားကာ ရုပ်ရှင်မစခင် နောက်ဆုံးသောစီးပွားရေးကြော်ငြာက မျက်နှာပြင်အကြီးကြီးထက် ထုတ်လွှင့်လာလေပြီ။

အခုခေတ်မှာ ဇာတ်ဆန်တဲ့ဟာသရုပ်ရှင်တွေက အလွန်ကိုလူကြိုက်များနေပြီး 'Hello, Happy'ကလည်း တိတိကျကျကို ထိုအမျိုးအစားပင်။

ပထမ80မိနစ်လောက်က ရယ်ရွှင်စရာအကြောင်းအရာမျိုးဖြစ်ပြီး သရုပ်ဆောင်တွေရဲ့ကောင်းမွန်လှတဲ့သရုပ်ဆောင်မှုတွေပါ ထပ်ပေါင်းလိုက်တော့ ပရိတ်သတ်တွေကို ရယ်မောပျော်ရွှင်စေသည်။

နောက်ပိုင်းမှာတော့ ဇာတ်ရှိန်က ရုတ်ခြည်းတက်သွားကာ အဓိကဆိုလိုရင်းကလည်း ဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာသည်။ ရယ်နေရစဉ်မှာပဲ ထိုဟာက လူထုရဲ့နှလုံးသားကို ရိုက်ခတ်သွားကာ မျက်ရည်မိုးတွေ အနည်းငယ်ရွာသွန်းဖြိုးလာစေ၏။

'Hello, Happy' က ငယ်စဉ်ကလေးဘဝတည်းက မိဘမရှိပါဘဲ ကြီးပြင်းလာခဲ့ရကာ အလုပ်လုပ်ဖို့အတွက် မြို့ကြီးပြကြီးကို တစ်ဦးတည်းခြေဆန်ခဲ့တဲ့ အမျိုးသားဇာတ်လိုက်အကြောင်းပင်။ သူက ရယ်စရာကောင်းတဲ့လုပ်ဖော်ကိုင်ဖက်အုပ်စုကို ရရှိလိုက်ပြီး ချစ်တတ်ဖို့နဲ့အချစ်ခံတတ်ဖို့သင်ယူနေရင်း အချစ်ရဲ့ဆုလာဘ်တွေကို သိမ်းပိုက်ခဲ့သည်။

ရုပ်ရှင်တစ်ခုလုံးက ခေတ်သစ်လူမှုအသိုင်းအဝိုင်းထဲမှ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ စံပုံစံပုံရိပ်လေးမျိုးကို အထင်နဲ့အမြင်တစ်လွဲစီဖြစ်ပြီး ရယ်မောဖွယ်ဇာတ်ကြောင်းလေးဖြင့် သရုပ်ဖော်ပြသွားသည်။ လူတိုင်းမှာ ရင်ဆိုင်နေရတဲ့ကိုယ်ပိုင်ပြဿနာတွေရှိပေမဲ့ သူတို့က ကြင်နာတတ်ဖို့၊ အကောင်းမြင်တတ်ဖို့နဲ့ တစ်ဦးကိုတစ်ဦးထောက်ပံ့ပေးဖို့ သင်ယူခဲ့ကြရသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now