So i've 3 boyfriends!

1.1K 119 59
                                    

'' ငယ်! ''

ဆောနူမျက်လုံးတွေက လေးလံလျက်...

'' ကိုယ်ပြောတာနားလည်ရဲ့လား? ''

ဆောနူ အိမ်မက်သာဖြစ်ချင်ပါသည် ။
တကယ်အိမ်မက်လို့လည်း ယုံကြည်လိုက်မိသည်ထင်သည် ။

အီဟီဆွန်း တထစ်လျော့ ကာ ငိုက်မြည်းနေတဲ့ ကလေးငယ်ကို ပခုံးထက်ဆီ ဆွဲယူကာ
လည်ဂုတ်စပ်ကြားနေရာ ဆီ အသာယာပွတ်ပေးကာချော့မြူလိုက်သည် ။

(btw မီလုပ်တာ အီဟီဆွန်းတို့ ကလေးထိန်းနေတဲ့အာပါး vibe ရနေပြီ 😭✋)

'' အင်းပါ အိပ်တော့နော်
ကိုယ်နားမငြီးတော့ဘူး ''

ဟီဆွန်း ပခုံးထက်ဆီ သက်တောင့်သက်သာ ခေါင်းကို တိုးဝေ့လိုက်ရင်း လူကြီး ဆန်ဆန် ရေမွှေးနံ့ ကို တဝကြီးရူရိူက်လိုက်သည် ။

'' ငယ်! ''

မျက်လုံးများသည်လုံးဝမပွင့်ဟချင်တော့...

'' မင်းက ကလေးလေးမဟုတ်တော့ဘူး ဒီအနေထားကြီးနဲ့တကယ်အိပ်သွားရင် ကိုယ်မရွေ့နိုင်ဘူးထင်တယ် ''

ဆောနူအိပ်ချင်နေတဲ့ကြားက ရီချင်လာသည်။

ဟုတ်တော့ဟုတ်သည် ။ ယခုအနေထားမှာ အစ်ကိုက နောက်မှီပေါ် ကျောကပ်ထိုင်နေရာ
သူက အစ်ကိုဆီမှာ ရင်ဘက်ချင်း အပ်လျက်မျက်နှာချင်းဆိုဝင်ထိုင်ထားပြီး ပခုံးထက်ကို
ခေါင်းအတင်းတိုးဝေ့ အိပ်နေခြင်းပင် ။

လူလည်ကျကြည့်ချင်ပါသေးသည် ။
အစ်ကိ​ုကို ဒီတညတော့ အမိအရနှိပ်စက်ပလိုက်ရမှဖြစ်မည် ။ ဆောနူ ကြားရဲ့သားနဲ့တမင်မထပေးချင်တာကြောင့် အသံမထွက်
ပဲ အောင့်အီးအိပ်နေလိုက်သည် ။

'' လူလည်ကျနေတာလား တကယ်အိပ်နေတာလားငယ် ~''

ဆောနူဘာမှပင်မဖြေမိပါ ။

သို့သော် အတန်ကြာသည်အထိ အစ်ကို က
တကယ်သည်းခံနိုင်သည် ။

အစ်ကိုနှင့်စကားတွေအရမ်းများမိသွားသည်မှာဘယ်အချိန်ဘယ်နမိနစ်တွေရှိသွားပြီလဲမသိတော့ဆောနူ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည် ။

'' နီခီမင်းကို သူ့အပိုင်ပါလို့ တစာစာ ကြွေးကြော်ခဲ့တုန်းက ကိုယ်ဘယ်လောက် သဝန်တိုနေခဲ့ရလဲ မင်းသိလားး  ငပွေလေး''

𝑠𝑜 𝑖'𝑣𝑒 𝑡ℎ𝑟𝑒𝑒 𝑏𝑜𝑦𝑓𝑟𝑖𝑒𝑛𝑑𝑠Tempat cerita menjadi hidup. Temukan sekarang