Have A Crush On You🥀

1.1K 131 25
                                    

မူးနောက်ရီဝေနေသော မနက်ခင်းအစသည်
သေချာပေါက် ညက သောက်စားခြင်းဒဏ်...

ရီဝေဝေ မျက်လုံးများသည် ဝိုးတဝါးအမြင်အာရုံဖြင့်သာ....ဖြေးဖြေးစီ ဖွင့်ဟကြည့်ရာ

မရင်းနှီးတဲ့ ကိုယ်နံ့နှင့်
ခပ်နွေးနွေး လက်မောင်း တစုံကို သူကိုယ်တိုင် အပိုင် ရစ်ပတ်ထားမိကြောင့်သိရှိသွားရာ ဆောနူ ခေါင်းနပန်းကြီးသွားသည် ။

ဆောနူ မှတ်မိသည်မှာ နောက်ဆုံး ဆောင်ဟွန်း နဲ့အတူရှိခဲ့တာဖြစ်ပြီး...ဆောင်ဟွန်း သည် ဒီနေရာမှာ ရှိနေမည့် လူမျိုးလုံးဝမဟုတ်...

ရုတ်ချင်းဆိုသလိုပင် ထိုလက်မောင်းပိုင်ရှင်ကို အားဖြင့်တွန်းချမိလိုက် သည် ။

ဝုန်းး...

'' Shit!! ဘာကောင်လဲ ''

'' အား...ကျစ်! ဆောနူ ''

ခါးတဖက်ကို ကိုင်ကာအလူးအလဲကုန်းရုန်းထလာသော အိပ်မှုန်စုန်မွှား မျက်နှာပိုင်ရှင်

'' ဟင်? အစ်ကို...မဟုတ် သေးပါဘူး
ဘယ်ကဘယ်လို ဒါက? ?''

ကိုယ့်ကိုယ်အလူးလဲ ပြန်စစ်ဆေးမိသည် ။

အီဟီဆွန်း ကဘယ်ကဘယ်လိုလဲ ။
ဆောနူတို့ပြသနာရှာမိပြန်ပြီထင်တယ် ။

နားဖျားတွေနီလာပြီးနောက်တွင် ဆောနူ တယောက် အကြည့်တွေရှောင်ဖယ်ကာ နေမရထိုင်မရ ဖြစ်လာရသည် ။

အပေါ်ဝတ် ကုတ်ကို သေချာ သပ်သပ်ရပ် ရပ်
ပြင်ဆင်ကာ...ဘေးတဖက်ဆီ လျောက်လှမ်းရင်းဖရိုဖရဲ ဖြစ်နေသော ဆောနူ ဆံပင်တွေကို
ဟီဆွန်း အသာယာပြုပြင်ပေးရင်း...

'' စိတ်မပူပါနဲ့ မင်းတွေးသလို ဘာမှမဖြစ်ခဲ့ဘူး ဒီတိုင်း မင်းဆွဲထားခဲ့လို့ ဘေးမှာ ရှိနေ.မိသွားတာ ''

'' ကျွန်တော်ကလား? ဆွဲထားတာ ''

ဆောနူ အသောက်အစားတွေလျော့မှဖြစ်မည်
လုံးဝမမှတ်မိပါ သူကိုယ်တိုင် ကဆွဲခေါ်ထားခဲ့သည်တဲ့လား ။

'' ကိုယ်မင်းကို စကားပြောဖို့စောင့်နေတာ ''

'' ပြောလေ ''

''နီခီ က ဆောနူကို ကိုကိုလို့ခေါ်တယ်နော် ''

'' ဟင်...??သူက? ?''

𝑠𝑜 𝑖'𝑣𝑒 𝑡ℎ𝑟𝑒𝑒 𝑏𝑜𝑦𝑓𝑟𝑖𝑒𝑛𝑑𝑠Where stories live. Discover now