ယိုင်နဲ့နဲ့ပိန်ပါးပါးခန္ဓာကိုယ်လေးဟာ
အခုအသက်အရွယ်ကြီးရင့်လာချိန်မှာတော့
အရင်ငယ်စဉ်တုန်းကသတိမထားမိခဲ့တဲ့ဒါဏ်တွေထလာသည်ဆိုပါတော့

သုံးယောက်ထဲနေထိုင်တဲ့တထ့်တိုက်စံအိမ်ထဲကိုဝင်လာခဲ့သည်
အခန်းထဲရောက်တော့လဲအသက်ပိုကြီးတာကဘသူလဲမသိရအောင်ရှောင်ကျန့်ဆေးသောက်ဖို့တယောက်ကရေသွားယူပီးတယောက်ကဆေးသွားယူကြလေရဲ့

အောင့်သက်နေတဲ့ရင်ဘတ်တစုံကိုအသာဖိလို့ဒယ်ဒီတို့ပြန်အလာကိုစောင့်နေလိုက်သည်
ဟုတ်ပါတယ်လွန်ခဲ့တဲ့၅နှစ်လောက်ကရင်းရှောင်ကျန့်မှာလူကြီးရောဂါစွဲကပ်လာတာ
နှလုံးကမကောင်းတော့ဘူးအင်း~
ဒီရက်ပိုင်းပိုပိုဆိုးလာတာကိုလဲရှောင်ကျန့်ခံစားမိပေမယ့်ပင်ပန်းလို့ပဲဖြစ်မှာပါလေ

ဒယ်ဒီတို့ပြန်ရောက်လာကြပီမို့အသာလေးပြုံးပြလိုက်ရင်းဒယ်ဒီဝမ်ရဲ့လက်ထဲကဆေးလုံးလေးတွေကိုယူကာပါးစပ်ထဲထည့်လိုက်သည်အလိုက်သိလှတဲ့ဒယ်ဒီရိပေါ်ကတော့ရှောင်ကျန့်လက်ထဲကိုရေခွက်လေးကမ်းထည့်ပေးလာလေရဲ့
ခါးသက်တဲ့ဆေးအရသာတွေကရှောင်ကျန့်အတွက်တော့ရိုးလို့နေပါပီ

'ဒယ်ဒီတို့ကကျကျနော့်ထက်အသက်ကြီးတာကိုဘာမှမဖစ်ဘူးကျနော်ပဲဖစ်နေတာ'

ရေခွက်လေးကိုဘေးစားပွဲပေါ်အသာချလို့ရှောင်ကျန့်ဆေးသောက်ပီးတိုင်းပြောနေကျစကားလေးတခွန်းကိုပြောမိသောအခုဒယ်ဒီနှစ်ယောက်လဲဖြေမြဲသောအဖြေလေးနှစ်ခုကိုပြန်လို့ဖြေလာပါသည်

'ကိုတို့ရဲ့ခဗျားလေးကိုဂရုစိုက်ဖို့ဘုရားရှင်ကပေးတဲ့ကောင်းချီးဖြစ်မှာပေါ့ဘေဘီရဲ့'

'ကျနော်မျိုးတို့ကဘေဘီ့ကိုစောင့်ရှောက်ဖို့အတွက်ကျန်းမာအောင်နေတာပါဗျာ'

ထိုအဖြေနှစ်ခွန်းကိုကြားတဲ့အချိန်မှာရှောင်ကျန့်တယောက်ထုံးစံအတိုင်းဒယ်ဒီဝမ်နဲ့ဒယ်ဒီရိပေါ်ရဲ့ပါးနှစ်ဖက်ကိုမွှေးကြူလိုက်မိသည်

ရှောင်ကျန့်ရဲ့ပါးနှစ်ဖက်ကိုလဲဒယ်ဒီတို့ကပြန်လည်မွေးကြူလာပါတယ်
ရမ္မက်များမပါတဲ့နှုတ်ခမ်းချင်းထိတွေရုံသောအနမ်းများကိုရှောင်ကျန့်မြတ်နိုးမိပါသည်...

🍑✌️THE TWO ARE MINE✌️🍑[COMPLETED]जहाँ कहानियाँ रहती हैं। अभी खोजें