🍑Part_24🍑🔪

4.5K 427 152
                                    

Unicode

အထက်တန်းကျောင်း၀င်းလေးထဲသို့နောက်ဆုံးပေါ်ကားအနက်ရောင်တစီးအရှိန်နဲ့၀င်ရောက်လို့လာခဲ့သည်

ကျောင်းစာသင်ချိန်မို့ကျောင်းသားတွေအကုန်လုံးကစာသင်ခန်းထဲပဲရှိနေကြလိမ့်မည်ဒါပေမယ့်ငါ့သားတွေကရော..?

ကျက်သရေမရှိလောက်အောင်သင်ပြဆုံးမမှုမကောင်းတဲ့မိဘတွေကြောင့်ငါ့သားတွေကျောင်းအုပ်ကြီးရုံးခန်းမှာရှိနေလိမ့်မယ်

ဟူး....
ရှောင်ကျန့်တွေးလဲတွေးရင်းမျက်ခုံးတွေကိုကွေးညွှတ်ထားစေလျက်အရယ်အပြုံးမရှိဘဲကားပေါ်ကနေဆင်းလာလိုက်သည်အနောက်ဘက်မှာလဲချစ်ရတဲ့ယောကျ်ားနှစ်ယောက်ကလိုက်ပါလျက်...

Lao wangနဲ့Yiboလား
စိတ်ထဲဖြစ်နေတဲ့ခံစားချက်တွေကရှောင်ကျန့်ထက်မပိုရင်တော့လျော့မည်မဟုတ်ပါ...

သုံးယောက်လုံးကျောင်းအုပ်ကြီးရုံးခန်းဆိုတဲ့နေရာကိုဦးတည်လိုက်ကြသည်ခြေလှမ်းကြံတွေနဲ့လျှောက်လာလိုက်တာပဲ...

တောက်ခ်!!ဒီမိန်းမကတော့...

ရှောင်ကျန့်ရုံးခန်းထဲကိုအမြန်၀င်သွားလိုက်ပီးလောင်ရှောင်းနဲ့ရိကျန့်ကိုလက်ညိုးတထိုးထိုးနဲ့ပြစ်တင်နေတဲ့မိန်းမကိုဆောင့်တွန်းထုတ်ပစ်လိုက်သည်

အဲ့မိန်းမရဲ့ယောကျ်ားဖြစ်ဟန်ရတဲ့အကောင်ကသူ့မိန်းမဆောင့်တွန်းခံလိုက်ရတော့ရှောင်ကျန့်ရဲ့ကိုယ်ကိုပြန်ထိုးဖို့လုပ်သည်

သို့ပေမယ့်လဲသူ့ရဲ့လက်တွေကလေထဲမှာပင်ချိုးလိမ်ခံလိုက်ရသည်။အကြောင်းတော့Daddy Wangကအဲ့လူရဲ့လက်တွေကိုလေထဲတွင်ဆွဲမြှောက်ပီးသွေးကြောမလျှောက်နိုင်လောက်အောင်ဆွဲညှစ်ထားသောကြောင့်ပင်...

Daddy Yiboကရှောင်ကျန့်ရဲ့ရှေ့မှာကာထားလိုက်တာကြောင့်အခုဆိုရင်ရှောင်ကျန့်ကိုထိဖို့ကြိုးစားတဲ့အဲ့လူရဲ့ရှေ့မှာသူ့လက်ကိုကျိုးကြေမတတ်ဆွဲညှစ်ထားတဲ့လူရယ်နောက်ထပ်ကာထားတဲ့လူတယောက်ရယ်...

ရှောင်ကျန့်ရဲ့ယောကျ်ားနှစ်ယောက်ကသူတို့မိသားစုလေးထဲကလွဲရင်တော်ရုံစကားမပြောကြတာမို့အမူအရာနဲ့သာသတိပေးလို့ထားသည်သူတို့ပါးစပ်ကသြရှရှလေသံပင်မပါဘဲမျက်နှာတည်ထားမှုနဲ့တင်တဖက်လူအဖို့ကြောက်မက်ဖွယ်ကောင်းလှသည်

🍑✌️THE TWO ARE MINE✌️🍑[COMPLETED]Where stories live. Discover now