🍑Part_28🍑End🍑

7.2K 411 204
                                    

Unicode

'Baby'

'Baby'

ပင်လယ်ပြင်ဘက်ကိုကြည့်နေမိရင်းမှ
ချစ်ရတဲ့ယောက်ျားနှစ်ယောက်ရဲ့ခေါ်သံလေးကြောင့်ရှောင်ကျန့်လှည့်ကြည့်ရင်းပြုံးပြလိုက်သည်

'လေစိမ်းတွေတိုက်ကတိုက်နဲ့နေမကောင်းပါဘူးဆိုရှောင်းအဘိုးလေးကကျနော်တို့မသိအောင်ထွက်လာသေးတယ်ပေါ့'

ဒယ်ဒီရိပေါ်ရဲ့ချစ်စနိုးစနောက်မှုကိုရှောင်ကျန့်သဘောတကျရီလျက်မျက်နှာကိုချက်ချင်းတည်လိုက်ရင်း

'အသက်၆၅ကပ်လာတော့အိုပီပေါ့ဘာလဲခဗျားတို့ကပါးရည်နားရည်တွန့်ပီဆိုပီးအချိုးပြောင်းတာလား'

ရှောင်ကျန့်ကအလိုမကျသလိုဆိုလိုက်မိတော့ပြာပြာသလဲချော့ရှာပါတဲ့ဒယ်ဒီတို့

ကြည့်ပါဦးအသက်၇၅ကျော်လောက်ရှိလာတဲ့ဒယ်ဒီတို့ကိုရှောင်ကျန့်တယောက်ငယ်တုန်းကလိုဂျီကျနေမိတုန်းပဲဒယ်ဒီတို့ကလဲအရင်တိုင်းပဲ

ချစ်ရတဲ့လူသားနှသ်ယောက်ရဲ့ပြာပြာသလဲရှင်းပြသံများကိုနားထောင်ရင်းရှောင်ကျန့်အရင်ချိန်တွေကိုသတိရမိပါရဲ့

'အဟမ်း အဟွတ် အဟွတ်'

ချစ်ရတဲ့ကလေးငယ်အဘိုးအိုငယ်လေးစိတ်မဆိုးဖို့ရေးညီအကိုနှစ်ယောက်ပြာပြာသလဲချော့နေတုန်းမှာပဲသူလေးကချောင်းတွေထဆိုးပါလေရော

'အဲ့တာပြောတာဆေးသွားသောက်ကြမယ်ထဘေဘီ'

'အွန်း'

ဒယ်ဒီဝမ်ရဲ့ပြောစကားနောက်ဒယ်ဒီနှစ်ယောက်ကိုတဖက်ဆီကနေအားပြုလို့အိမ်ကြီးရဲ့အနောက်ဘက်ပင်လယ်ပြင်ကိုကြည့်နေရာမှထလို့အိမ်ထဲပြန်ဝင်လာလိုက်သည်

အသက်ကြီးလာတဲ့နောက်ပိုင်းအရင်လိုမြို့ကြီးကအိမ်တော်မှာမနေတော့ဘဲနားအေးပါးအေးရှိတဲ့ပင်လယ်ဘက်ကကမ်းခြေတခုကိုဝယ်ပီးအဲ့မှာပဲရှောင်ကျန့်တို့နေဖြစ်ကြပါသည်အခုချိန်ထိဆိုပါတော့...

ဖြေးဖြေးချင်းဆီလမ်းတွဲလျှောက်ပေးရှာတဲ့ဒယ်ဒီနှစ်ယောက်ရဲ့လက်လေးတွေကိုကြည့်မိသည်ဇရာကြောင့်အရည်တွေတွန့်နေပေမယ့်သွေးကြောစိမ်းလေးတွေကတော့အရင်အတိုင်းပဲဒီလက်နှစ်စုံကိုတွဲထားရတာရှောင်ကျန့်နှစ်သက်ပါသည်မြတ်နိုးပါသည်

🍑✌️THE TWO ARE MINE✌️🍑[COMPLETED]Where stories live. Discover now