*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး

Start from the beginning
                                    

ပြီးတော့ ကံကောင်းစွာဘဲ သူတို့ သူ့ကိုရိုက်လိမ့်မယ်လို့ သူခန့်မှန်းထားခဲ့တာကြောင့် ကြွက်တွေနဲ့ မြွေတွေဆီက သွေးအချို့တောင်းယူပြီး အင်းကွက်တစ်မျိုးသုံးကာ စုပ်ယူထားခဲ့လိုက်လေသည်။ ရိုက်ချက်အနည်းငယ်လောက်လေးနဲ့ အင်းကွက်ထဲက သွေးတွေက ယိုစိမ့်လာမှာဖြစ်၏။ ဒါကြောင့် ထိုရှောင်မိသားစုက တပည့်တွေက ပထမဆုံးရိုက်ချက်ကတည်းက သူ့ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာမရစေခဲ့ပေ။

အခုတော့ ကျောက်စိမ်းပြားထဲမှာ ယင်ကျင်းရဲ့ထည့်ထားတဲ့ စိတ်ဝိညာဥ်အပိုင်းအစလေးက သူအန္တရာယ်ထဲကျရောက်နေတာကို သိရှိနိုင်ပါ့မလားဆိုတာဘဲ သူမသေချာတာဖြစ်လေသည်။

ရုန်ယိ ကြွက်တွေနဲ့ မြွေတွေကို ပြုံးဖြဲဖြဲလုပ်ပြကာ
"ငါ့ကို လတ်လတ်ဆတ်ဆတ်သွေးတွေ ပေးတာ ကျေးဇူးဘဲနော်"

ထိုစကားကြားတဲ့အခါ လူတွေလိုခံစားချက်တွေရှိနေကြပြီဖြစ်တဲ့ ကြွက်တွေမြွေတွေမှာ ဒေါသတွေထွက်ကာ သူတို့အမြှီးတွေနဲ့ ကြမ်းပြင်ကို ရိုက်ခတ်နေလိုက်ကြသည်။
သူတို့လည်း သူတို့ရဲ့သွေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ထုတ်မပေးချင်ပါဘူး..ဟုတ်ပြီလား.. ဒီလူက သူတို့ကိုဖမ်းကိုင်ပြီး သူတို့ရဲ့သွေးတွေကို ထုတ်ပေးခိုင်းခဲ့လေသည်။ ဘယ်လောက်တောင် ယုတ်မာလိုက်သလဲလို့....။

ထို့နောက် ရုန်ယိက ဆေးလုံးအချို့ထုတ်ကာ သူတို့ကိုပေးလိုက်သည်။
"ဒါက စိတ်ဝိညာဥ်စွမ်းအားကို တိုးတက်စေတဲ့ဆေးလုံးတွေဘဲ.. သောက်လိုက်ရင် မင်းတို့ ကျင့်ကြံဆင့်နောက်တစ်ဆင့်ကို တက်ရောက်နိုင်လိမ့်မယ်"

တစ်ကယ်ကြီးလား.... ထိုကြွက်တွေနဲ့မြွေတွေက ပြေးလာကာ အနံ့ခံကြည့်ကြလေသည်။ ဆေးလုံးက သိပ်သည်းတဲ့ဝိညာဥ်ချီတွေက နှာခေါင်းထဲ တိုးဝင်လာတဲ့အခါမှာတော့ သူတို့ကိုယ်ပိုင်ရဖို့ အမြန်တိုက်ခိုက်ကြတော့သည်။

ရုန်ယိ သူ့မေးစေ့ကို ထိကိုင်လိုက်သည်။ အခုဖြစ်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် သူတို့မှာ သူ့ကို သတ်ဖို့ရည်ရွယ်ချက်မရှိပေ။ ဒီလိုသာဆိုရင်တော့ ကိစ္စတွေက ပိုပြီးလွယ်ကူသွားလေပြီ။ နောက်ပိုင်း.သူလုပ်စရာလိုတာက အားနည်းချင်ယောင်ဆောင်ဖို့သာဖြစ်ပြီး ဒါဆို သူတို့ သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်တော့ပေ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now