*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး

Comenzar desde el principio
                                    

"သူ့ကို မြေအောက်အကျဥ်းထောင်ထဲကို ပြန်ထည့်ထားလိုက်.. သူကောင်းလာတော့မှ.. ငါသူနဲ့ ဆက်ဖြေရှင်းမယ်"

"ဟုတ်ကဲ့"

ရုန်ယိကို မြေအောက်အကျဥ်းထောင်ထဲကို ပြန်ခေါ်သွားပြီးနောက် ထိုတပည့်တွေက သူ့ကို မြေပြင်ပေါ်ပစ်ချလိုက်ကြသည်။
"အသုံးမကျလိုက်တာ.. ငါးချက်တည်းနဲ့ သတိလစ်သွားရတယ်လို့"

ထို့နောက် သူတို့က တံခါးကိုသော့ခတ်ကာ စည်းကို ပြန်ချသွားကြလေသည်။ တစ်ချိန်တည်းမှာဘဲ တကျွိကျွိ တရှူးရှူး အသံတွေကို စကြားလာရ၏။

ထိုကြွက်တွေ ရေမြွေတွေက ရုန်ယိဘေးနားကို ရောက်လာကာ သူတို့ပါးစပ်တွေကို ဖွင့်ဟလိုက်ကြသည်။ သူတို့ ကိုက်ချတော့မဲ့အချိန်မှာဘဲ ရုန်ယိရဲ့ ခန္ဓာကိုယ်ကနေ မိုးကြိုးမီးတောက်တစ်ခုထွက်ပေါ်လာတာကြောင့် ထိုကြွက်တွေ ရေမြွေတွေမှာ ထိတ်လန့်သွားကြကာ စည်းအစွန်ဘက်ကို ပြန်ထွက်ပြေးသွားကြတော့၏။

ရုန်ယိက မျက်လုံးဖွင့်လာကာ ထိုကြွက်တွေ ရေမြွေတွေကို အပြုံးဖျော့ဖျော့နဲ့ ပြောလိုက်သည်။
"ငါ မသေသေးဘူး"

သူအသက်ရှင်နေဆဲဖြစ်တာတွေ့တဲ့အခါ ကြွက်တွေ မြွေတွေမှာ မကျေမနပ်ဖြစ်ကာ မြေပြင်ပေါ်မှာသာ လှဲလျောင်းနေကြတော့သည်။ ဟမ့်.. ဒါဆို သူတို့မှာ စားဖို့အသားမရှိတော့ဘူးပေါ့...။

ရုန်ယိက သူ့ဘောင်းဘီထဲကိုလက်ထည့်လိုက်ကာ အကာအကွယ်ကျောက်စိမ်းပြားရယ် သွေးစွန်းနေတဲ့ လက်စွပ်တစ်ကွင်းရယ်ကို သူ့တင်ပါးအောက်ကနေ ဆွဲထုတ်လိုက်ပြီး ပြုံးဖြဲဖြဲလုပ်ကာ
"ငါဖွက်လိုက်တာ နေရာမှန်သွားတာဘဲ"

ဆရာသခင်ယွမ်ရိနဲ့ တစ်ခြားသူတွေ သူ့ကိုကယ်ဖို့ ဒီနေရာကို ရောက်မလာသေးခင် သူ့ကို ထောင်ချောက်ဆင်တဲ့သူတွေက သူ့ရဲ့သိုလှောင်လက်စွပ်နဲ့ တစ်ခြားပစ္စည်းတွေကို ယူဆောင်သွားမှာ သူစိုးရိမ်ခဲ့လေသည်။ ဒါကြောင့် ယင်ကျင်းရဲ့ပေးထားတဲ့ ကျောက်စိမ်းပြားနဲ့ ရုန်ဝေ့ယိသူ့အတွက်ချန်ထားပေးခဲ့တဲ့ သိုလှောင်လက်စွပ်ကို ဘောင်းဘီထဲမှာထည့်ထားခဲ့ပြီး ဒါကဘဲ မတော်တဆနဲ့ သူ့တင်ပါးလေးကို ကယ်တင်ပေးသွားခဲ့လေသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Donde viven las historias. Descúbrelo ahora