"အာ့ မေးပါ ငါဖြေချင်လို့ပါဆိုနေ.. နော် နော် ပြန်မေးပါလို့."

ခလေးတစ်ယောက်လို Ireneလက်မောင်းကို လှုပ်ရမ်းကာပြောနေတဲ့ Jenကြောင့် Ireneက...

"Omm....မေးမယ် မေးမယ် ဘာလိုဖြစ်နေရတာလည်း ..."

"ဟီး အဲ့တာကြောင့် ငါ့ချင်းဂူလေးကို ချစ်နေရတာ..."

"ဟုတ်ပါပီ...."

Ireneလည်း ပြုံးနေတဲ့Jenမျက်နှာကို တည့်တည့်စိုက်ကြည့်လိုက်ရင်း ဆရာမလာခင်က Jenကိုမေးတဲ့ မေးခွန်းကိုပြန်မေးလိုက်တယ်..

"Ms.Lalisaမျက်ရည်တေကို မြင်တော့နင် ဘယ်လိုခံစားရလည်း"

Jenလည်းIreneအမေးကို လေးနက်စွာနဲ့...

"ငါ ပါးပါး မျက်ရည်တေမြင်ပီး ငါ့ရင်ထဲနာကျင်လာရတယ်...ပီးတော့ သူငိုနေတာကြည့်ပီး ငါပါငိုချင်လာတယ်..."

ပြောလိုက်တာကြောင့် Irene ကအံ့သြသွားကာ...

"နင် ဘာပြောလိုက်တယ်ဆိုတာရော နင်သိရဲ့လား Jen..."

"Omm...ငါသိတယ်...ငါ ပါးပါးကို ချစ်နေမိပီ ထင်တယ်..."

Ireneပိုပီးအံ့သြသွားမိတယ် Jenနဲ့က ငယ်သူငယ်ချင်းမဟုတ်ပေမယ့် အလယ်တန်းကတည်းကခင်လာပီး ညီအစ်မတေလိုဖြစ်နေတာကြောင့် သိလာခဲ့တဲ့ 5နှစ်ကျော်အတွင်း Jenပါးစပ်ကနေ ဘယ်သူကိုမှ ချစ်တယ်လို့မပြောဘူးသလို တွဲသမျှသူတေကို အကုန်ဖျက်ပစ်တာကြောင့် Jen ပါးစပ်ကနေ လူတစ်ယောက်ကိုချစ်တယ်ပြောတာကိုIrene ပထမဆုံးကြားဖူးတာမို့ပါ...

"OMG....နင် နင် ဘာပြောလိုက်တယ် Jen..."

"ငါ ....ပါးပါးကို ချစ်နေမိပီလို့..."

Ireneကတော့ ဝမ်းသာသွားကာ ပြုံးနေတဲ့Jenကို ကြည့်ပီး...

"ငါဝမ်းသာလိုက်တာဟာ နင် အတိတ်ဆိုးကြီးထဲကနေ ခုဆိုရုန်းထွက်နိူင်ခဲ့ပီပဲ..ငါတောင် ဒီလောက်ဝမ်းသာနေတာ ကာယကံရှင်ဖြစ်တဲ့Ms.Lalisaဆို ဘယ်လောက်တောင်ပျော်လိုက်မလည်းဟာ...."

Ireneကပျော်ပီးပြောနေတာကြောင့် Jenလည်းပြုံးလိုက်ရင်း...

"Omm...ပါးပါးဆိုအရမ်းပျော်မှာ ငါသိတာပေါ့ ဒါပေမယ့် ခုတော့ ငါဖွင့်ပြောမှာမဟုတ်သေးဘူး ပါးပါးနဲ့ ငါ ချစ်သူသက်တမ်းတစ်နှစ်ပြည့်တဲ့နေ့မှ စပရိုက်အနေနဲ့ ဖွင့်ပြောဖို့ ဆုံးဖြတ်ထားတယ်..."

🌼အချစ်ကိုသိချိန်🌼{Completed}Where stories live. Discover now