အခန်း ( ၇ )

331 12 0
                                    

Unicode

" နှစ်ယောက်တစ်တွဲစီကြ "

အတန်းပိုင်ဆရာမရဲ့ စကားသံအဆုံးမှာ မိန်းကလေးတွေလည်း နှစ်ယောက်တစ်တွဲ၊ ယောကျာ်းလေးတွေလည်း နှစ်ယောက်တစ်တွဲ တန်းစီလိုက်ကြသည်။

ဒီနေ့က သူရိန်တို့ ကိုးတန်း (A) က ဘုရားခန်းဝင်ရမည့်နေ့ပင်။ မနက်အစောကြီးကတည်းက ကျောင်းကိုရောက်နေကြတာဖြစ်ပြီး လှူစရာပစ္စည်းများကိုလည်း ဘုရားခန်းထဲ၌ အစီအစဉ်တကျ စီထားကာ မိမိတို့အတန်းသို့ ပြန်လာခဲ့ကြသည်။ ကျောင်းတက်‌ ခေါင်းလောင်းထိုးသည့်အခါ၌ နိုင်ငံတော်သီချင်းဆိုရန် ဘောလုံးကွင်းက အလံတိုင်ရှေ့မှာ တန်းစီကြရသေးသည်။ နိုင်ငံတော်သီချင်းဆိုပြီးလို့ လူစုခွဲပြီးသည့်အခါမှသာ နှစ်ယောက်တစ်တွဲစီတန်းကာ ဘုရားခန်းဘက်သို့ ပြန်လည်ရောက်ရှိလာခြင်းပင်။

ဇေယျာနှင့် သန့်ပိုင်တို့က တစ်တွဲ စီလိုက်ကြပြီး မင်းမြတ်နှင့် ‌ခန့်ဇော်က နှစ်ယောက်တစ်တွဲတွဲကာ ဇေယျာတို့ရှေ့မှာ နေရာယူလိုက်သည်။ မင်းမြတ်က ခန့်ဇော်နှင့်စကားပြောနေရင်း သူ့နောက်က သန့်ပိုင်ကို လည်ပြန်ကာ ကြည့်တတ်သေးသည်။ သူရိန်ကတော့ ရှေ့ဆုံးမှာ တစ်ယောက်ထဲ ဦးဆောင်လျက် ...

ညီမင်းကတော့ သူ့အပေါင်းအဖော်များနှင့် နောက်ဆုံးမှာရှိနေသည်။ လူလည်းစုံပြီမို့ သူရိန်ကပင်ဦးဆောင်လျက် ဘုရားခန်းသို့ ထွက်လာခဲ့ကြသည်။

ဘုရားခန်းထဲရောက်တော့ မိန်းကလေးများ သန့်ရှင်းရေးလုပ်ထားတာကြောင့်လားမသိ၊ အခန်းတစ်ခုလုံး ဖုန်မှုန့်တစ်စက်ကလေးပင်မတွေ့ရ။ ကလပ်ပေါ်မှာတင်ကာ လှူထားသည့် မုန့်ထုပ်‌ကလေးတွေ၊ ဆွမ်းအုပ်အကြီးပေါ်မှာ စနစ်တကျစီထားသည့် ကွပ်ကီးထုပ် ၊ ကော်ဖီမစ်ထုပ်လေးတွေ၊ စားပွဲခုံပုလေးပေါ်မှာ တင်ထားသည့် နို့ဆီဘူးတွေ၊ မုန့်ကြွပ်ထုပ်လေးတွေက အစီအရီ။

ဘုရားပန်းအိုး‌များမှာလည်း သေချာသန့်စင်ဆေးကြောထားတာကြောင့် ကြွေရောင်တလက်လက်တောက်ပလျက်။ ဘုရားပန်းအဖြစ် ကပ်လှူထားသည့် သစ္စာပန်း အနီရောင်နှင့် ပန်းရောင်တို့အပြင် ထိုပန်းများရဲ့ ထိပ်ဖျားမှာ ချိတ်ဆွဲထားသည့် ရွှေပန်း၊ ငွေပန်းများကလည်း စုံစုံလင်လင်။ ထိုမျှသာမကသေး ပန်းကန်အသေးတစ်လုံးပေါ်မှာ စံပါယ်ပန်းများကို ပန်းကုံးကနေ ဖြုတ်ပြီးထည့်ထားကာ ထိုအပေါ်မှာမှ နှင်းဆီပန်းကို ရိုးတံခြွေလျက် တင်ထားပြီး ပန်းမွေ့ယာအဖြစ် လှူထားသေးသည်။

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Where stories live. Discover now