အပိုင်း {၅}

Magsimula sa umpisa
                                    

အဖြစ်အပျက်တွေက ခဏလေးအတွင်းဖြစ်သွားခဲ့ပြီး တစ်ယောက်ယောက်ထံမှာ နှလုံးသားနုနုလေးဟာ ငြိတွယ်ကပ်ပါသွားလေသည်ကိုတော့ဖြင့် တစ်ဦးတစ်ယောက်မျှသတိမထားမိခဲ့ပေ။
---
"ဒေါ်နန်းရိပ်လွှာ ရှင်ဒီည တစ်ခြားအခန်းမှာအိပ်လိုက်ပါ ဒီမှာမေအိပ်လိမ့်မယ်"
"မောင်ကလည်း..မေဟိုဘက်မှာအိပ်ပါမယ်"
"တို့ကရော ဒီမှာအိပ်ပါမယ်ပြောမိလို့လား.."ဟုဆိုကာ အနွေးထည်အားဗီဒိုထဲမှထုတ်ယူလိုက်ရင်း အောက်ထပ်သို့ဆင်းလာလိုက်မိသည်။စာဖတ်ခန်းမှာအိပ်လို့ရတယ်ဆိုပေမဲ့လည်း သူတို့နဲ့နီးနီးနားနမနေချင်တာကြောင့်အောက်ဆင်းလာခြင်းသာ။
"အန်တီ..ဘာလို့လှေကားမှာရပ်နေတာလဲ"
"ဟင်..အင်းတို့ဘယ်မှာအိပ်ရင်ကောင်းမလဲစဥ်းစားနေတာ"
"မမလေးနဲ့အတူ...အာ"
"အပေါ်မှာလည်းမအိပ်ချင်လို့ဆင်းလာတာ"
"သစ်လွင်နဲ့အိပ်မလား..ဆူးကမရှိတော့"
"သစ်လွင်အဆင်ပြေရဲ့လား..တော်ကြာအန်တီကြောင့်အနှောင့်အယှက်ဖြစ်နေပါအုံးမယ်"
"မဟုတ်တာအန်တီရယ်..လာအခန်းထဲကို"
"ဆူးကဘယ်သွားတာလဲ"
"သူ့အဒေါ်နေမကောင်းဘူးလို့ပြောလို့သူပြန်သွားတာ..အန်တီ..သစ်လွင်ကိုအားမနာနဲ့နော်အေးဆေးအိပ်"
"အင်းပါ..သစ်လွင်ရယ်"
"ဒါဆိုအိပ်နော်..သစ်လွင်ဆိုဖာမှာအိပ်မယ်"
"မဟုတ်တာ..ဘေးမှာအိပ်ပါဘာမှမဖြစ်ဘူး"
"ရတယ်အန်တီရဲ့..."
"သစ်လွင်..ခုတင်ပေါ်မှာအိပ်ပါဆို..အန်တီစိတ်ဆိုးမှာနော်"
"စိတ်တော့မဆိုးပါနဲ့အိပ်ဆိုအိပ်ပါ့မယ်..အန်တီရယ်"
ခုတင်ပေါ်တက်ကာ အိပ်ရန်ပြင်လိုက်မိသည်။အန်တီကတော့ တစ်နေကုန်စိတ်ပင်ပန်းတာကြောင့်ထင်ရဲ့အိပ်ပျော်သွားလေပြီ။ဗိုက်ပေါ်တင်နေသည့်စောင်အားဖြန့်ကာ ရင်ဘတ်နားထိဆွဲခြုံပေးလိုက်ပြီး အိပ်မောကျနေသူရဲ့မျက်နှာလေးအားငေးမောနေမိသည်။
မမလေးကဘာလို့များအန်တီအပေါ်ဒီလောက်ရက်စက်ရသလဲမတွေးတတ်တော့ပေ။ဦးရဲထွဋ်ခေါင်ကြောင့်ဆိုရင်တောင်အန်တီကအပြစ်မရှိသူမလို့ဒီလောက်ထိမရင်စက်သင့်။ပြီးတော့ မမကြီးသေဆုံးရသည့်တရားခံဟာ ဦးရဲထွဋ်ခေါင်ပါဆိုပြီးမမလေးဟာဘာလို့ယုံကြည်နေသလဲသစ်လွင်မတွေးတတ်တော့ပေ။မမကြီးသေဆုံးသည့်နေ့ကအကြောင်းများအားပြန်လည်တွေးတောမိသည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Tahanan ng mga kuwento. Tumuklas ngayon