အခန်း (44)

Start from the beginning
                                    

တန့်ကျင်းဝမ်းက ရှဲ့ဟယ်ကို ချုပ်ချယ်မထားပေမယ့် ညဘက်အပြင်ထွက်တာမျိုးတွေ အကျင့်ပျက်စေတဲ့ နေရာမျိုးတွေကိုသွားတာမျိုးတွေကိုတော့ တားမြစ်ထားတယ်....မိန်းမတွေကိုပဲ သဘောကျတဲ့ သူဌေးသားလေးအတွက် ဒီတားမြစ်ချက်က လူမဆန်လွန်းဘူးဆိုတာ သိသာလွန်းနေတယ်....ရှဲ့ဟယ် လိမ်မာချင်ယောင်ဆောင်ပြီး အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေး နေနေခဲ့တယ်...ဒါပေမယ့် မူလခန္ဓာကိုယ်ပိုင်ရှင် တန့်ကျိုးရဲ့ ဇာတ်ကောင်စရိုက်နဲ့ဆို ဒါမျိုးကို ဘယ်လိုမှ သည်းခံနိင်မှာမဟုတ်လောက်ဘူး...ဒါ့အပြင် တန့်ကျင်းဝမ်းကလဲ အရင်ကထက်ပိုပြီး အလိုလိုက်လာတယ်ဆိုတော့ ပုံစံအမှန်ကို ပြန်ပြောင်းဖို့ အချိန်တန်ပြီလေ.....

ဟိုလို နေရာတွေကို မသွားနိုင်ရင်တောင် ကျောင်းပြန်တက်လို့ရသေးတာပဲ....

တန့်ကျိုးက စောက်သုံးတစ်စက်မှမကျပေမယ့် ဉစ္စာပေါ ရုပ်ချောဆို​တော့ သူ့ကို လိုက်နေတဲ့ ကောင်မလေးတွေ အများကြီးရှိသေးတယ်....တန့်ကျိုးကလဲ ဒီ Feeling ကို သိပ်သဘောကျတယ်....ကျောင်းဆိုတာ တန့်ကျိုးအတွက်တော့ မောင်းမဆောင်ကြီးပဲလေ....

ကျောင်းထဲကို ခြေဆန့်ဖို့ ရှဲ့ဟယ် စဉ်းစားလိုက်တယ်....မိန်းမတစ်ယောက်ကို အိပ်ယာထဲမှာ မခုန်အုပ်ဘဲ  rich kid တစ်ယောက်လို ထင်ရာစိုင်းပြရုံလောက်တော့ ဖြစ်ပါသေးတယ်....

ဒါ့ကြောင့် Monday နံနက်ပိုင်း တန့်ကျင်းဝမ်းအလုပ်သွားတာနဲ့ သူလဲ sport car တစ်စီးနဲ့ ကျောင်းတော်ကြီးဆီ ​ချီတက်သွားခဲ့တယ်....

ခွင့်မတိုင်ဘဲ ရှဲ့ဟယ်  ကျောင်းပြေးနေတာ လနဲ့ချီနေပြီ.....တခြားကျောင်းသားသာဆို ကျောင်းထုတ်ခံရတာ ကြာရောပေါ့...သို့ပေမယ့် ရှဲ့ဟယ်က တစ်ခြားသူမှမဟုတ်တာ ..အဲ့တော့ အကုန်အေးဆေးပဲ....ဒါပေမယ့် စာသင်ခန်းထဲဝင် လိုက်ချိန်မှာ အတော်လေး တုန်လှုပ်သွားခဲ့ရတယ်.....

သူ့ကို မိသားစုစာရင်းကနေ ထုတ်လိုက်တဲ့သတင်းကို အထက်တန်းလွှာတွေကြားမှာပဲ ကန့်သတ်ထားတာကြောင့် အတန်းဖော်အများစုက ဒီသတင်းကို မသိကြဘူး....

ရှဲ့ဟယ် အခန်းထဲဝင်လိုက်တာနဲ့ မိန်းကလေး
အတန်းဖော် အများစုက သူ့နားမှာ ဝိုင်းအုံလာပြီး....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now