BTLFAM (9) Unicode

Start from the beginning
                                    

" ဟီး သားကမေ့သွားလို့ "

" ဒီကလေးတော့ဖြစ်ရတယ်.."

" မမကြီးက‌လေ့ကျင့်ကွင်းကပြန်လာတာဆိုတော့ Aprilမှာလိုက်တာပါလားဟင် "

" ငယ်လေးမှာတာကျ မမကြီးမှာရှိပေမယ့် ငယ်လေးက ငယ်သေးလို့ပေးလို့မရသေးဘူး"

" ဟွန့်..မမကြီးကလည်း Aprilအသက်က (၆)နှစ်ကြီးများတောင်ရှိပါပြီနော် "

လက်‌(၆)ချောင်းကိုထောင်ပြပြီး နှုတ်ခမ်းလေးဆူနေသည့် April၏ပါးကို ခပ်ဖွဖွမွှေးကြူလိုက်သည်။ Aprilတောင်းတာကို Bellaပေးလို့မရချေ..။ ဒင်းလေးတောင်းတာသည် Bella၏ limited editionဖြစ်သည့် အမည်းရောင်ပေါ်၌ ရွှေရောင်စာတန်းပါသည့် ပစ္စတိုဖြစ်ပေသည်။

" မမကြီး သားကိုရော.."

" ဟက်..အလည်လေးကိုလည်း ပေးရမှာပေါ့ မွမွ.."

" ဟီး သားကလဲ ပြန်ပေးမယ် မွမွ "

" အမလေး အမောတွေပြေသွားသလိုပဲ "

အမှန်ဆို Bellaတော်တော်ပင်ပန်းနေပြီဖြစ်သည်။ ဆက်ခံသူမို့ အခြားဂိုဏ်းသားတွေထပ်ပိုလေ့ကျင့်ရသည်။ နေ့မနား ညမအိပ်လေ့ကျင့်ရသည့်ကြားမှ အားလပ်ချိန်ဆိုအိမ်ပြန်လာပြီး ဒီဗီတာမင်လေးတွေနဲ့အားလာဖြည့်ရသည်။

အသက်(၂၀)အရွယ်အမျိုးသမီးတစ်ယောက်ပေမယ့် စိတ်ဓာတ်ပိုင်းရော ဦးဆောင်မှုပိုင်းမှာပါ တခြားလူတွေနှင့်ရင်ဘောင်တန်းလို့‌ရနေပြီဖြစ်သည်။ 

" သခင်မလေး..သခင်ကြီးကဖုန်းခေါ်နေပါတယ် "

" အင်း လာခဲ့မယ် "

Bodyguardကို တစ်ချက်လှည့်ပြောပြီး ကလေးနှစ်ယောက်ကိုချီထားရာမှချလိုက်သည်။

" ငယ်လေးတို့ ဒီနားမှာပဲဆော့နော် ခဏနေရင်အိမ်ထဲလာခဲ့တော့.."

" ဟုတ် မမကြီး "

ထွက်ပေါ်လာသော အသံဆာဆာလေးတွေကြောင့် ပြုံးလိုက်ပြီး ခေါင်းတစ်ချက်စီပုတ်ကာအိမ်‌ထဲဝင်လာခဲ့သည်။ အိမ်ထဲရောက်မှ ဖုန်းကိုင်လိုက်သည်။

" Hello Dad.."

" Bella ညကျရင် ပါတီတစ်ခုကိုDadအစားသွားတက်ရမယ် ပြင်ဆင်ထားပါ..."

Behind the lust for a man(Complete)Where stories live. Discover now