...

သို့ရာတွင်အံ့ဩစရာကထိုထက်မကပိုသေးသည်။ချင်ကျန့်မှ ထို့ပို့စ်အား Weibo ပေါ်တွင်ပြန်ရှယ်ထားလိုက်ပြီး ယွီချင့်ဟွမ်ကိုပါ @ လုပ်ထားလေသည်။ထိုအရာမှာ တသက်မှတခါ‌ဖြစ်တောင့်ဖြစ်ခဲဆိုရမည်ပင်။

ချင်ကျန့် V: @ ယွီချင်ဟွမ် ~ ပျော်ရွှင်ဝမ်းမြောက်စရာပူးပေါင်းလက်တွဲမှု‌လေးတခုပါ နောက်တခေါက်ကျရင် ညစာအတူစားရအောင်!

!

ယခုတခေါက်မှာတော့ ထိုလှုပ်ရှားတက်ကြွနေသည့် အွန်လိုင်းပရိသတ်အပေါင်းတို့မှာ သူတို့သွေးတွေပွက်ပွက်ဆူကုန်သည့်အလားခံစားလိုက်ရလေပြီ!

[ဘာကြောင့်လဲတော့မသိဘူး ရုတ်တရက်ကြီး အထူးစပယ်ရှယ်ဘရိုမန့်အငွေ့အသက်တမျိုးကိုအနံ့ခံမိလိုက်သလိုပဲ...]

[ရုတ်တရက်ကြီးငါ့စိတ်တွေလှုပ်ခတ်သွားရတယ် ငါထင်တာတော့ ကျန့်နဲ့ချင့်ဟွမ်ကတကယ့်ကိုစိတ်တူကိုယ်တူရင်းနှီးသွားကြတာပဲ ငါသူ့နောက်ကိုလိုက်နေတာငါးနှစ်လောက်ရှိပြီ ဒါကဂျူနီယာတယောက်ကို သူပံ့ပိုးပေးတာပထမဆုံးအကြိမ်ပဲ]

[ငါ့မျက်ရည်တွေထိန်းမရတော့ဘူး ငါ့ရဲ့ကျန့်လေးကနောက်ဆုံးတော့ ဒီအသိုင်းအဝိုင်းထဲသူငယ်ချင်းတယောက်ရှိလာခဲ့ပြီပေါ့.. နောက်ထပ်ပြောနေစရာမလိုတော့ဘူး ဒီတချက်တည်းနဲ့တင် ချင့်ဟွမ်ကို ငါ့တဘဝလုံးစပို့ပေးသွားတော့မယ်]

....

ချင်ကျန့် weibo အပ်ဒိတ်ကြောင့် ယွီချင့်ဟွမ် follower အရေအတွက်မှာဝုန်းခနဲထိုးတက်လာသည့်အပြင် အရင်ရှိပြီးသားများနှင့်ပါထပ်မံပေါင်းလိုက်ပါက ခုချိန်ခါတွင် ဆယ်သန်းအထိစံချိန်ချိူးသွားခဲ့လေပြီ!

သဘာဝကျကျပြောရမည်ဆို စတားတယောက်ရဲ့ follower အရေအတွက်မှာ weibo ပေါ်တွင် ဆယ်သန်း သို့မဟုတ် သန်းနှစ်ဆယ်ထိစံချိန်တင်ရောက်ရှိသွားတဲ့အခါ ဖန်များကိုကျေးဇူးတင်ရှိတဲ့အနေနှင့် တစုံတရာပြောကြားတာမျိုး ဒါမှမဟုတ်ရင် ပုံတချို့တင်ပေးတာ သို့မဟုတ်ပါက အမှတ်တရလက်မှတ်ပါသည့်တစုံတရာတင်ပေးတာမျိုးကိုလုပ်အပ်သင့်‌ပေသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)जहाँ कहानियाँ रहती हैं। अभी खोजें