Part 18 [ Unicode ]

Start from the beginning
                                    

ကြည့်နေ! အဲ့နေရာကို မင်းမသိလိုက်တဲ့အချိန်လေးအတွင်းမှာပဲ ရအောင်ယူပြမယ် ရယ်မြူးသာ။

_______________________________________

KSquare ကိုတခါမှလည်း မရောက်ဖူးသေးတဲ့ အပြင် ဒီနေ့ အပြင်မှာ နေ့လည်စာစားချင်စိတ်လည်း ပေါက်လာတာမို့ တယောက်ထဲ မာမီမသိအောင် ခိုးထွက်လာခဲ့တာပင်။

ဆေးရုံဆင်းကာစမို့ မာမီက ဘယ်သွားသွား မြူးကိုစိတ်မချ၊ အခုချိန်ဆိုင်ကိုသွားရမှာလည်းပျင်းတာမို့ မရောက်ဖူးသေးတဲ့ KSquare ကိုလာခဲ့တာ။ ဆိုင်ကနေပြန်ကောင်းရင်တောက်လျှောက်သွားနေရမှာမဟုတ်လား။ ပြီးတော့ ဆေးရုံဆင်းကထဲက မျက်နှာမမြင်ရသေးတဲ့ လူကြီးကိုလွမ်းတာလည်းပါမည်၊

ကြိုပြောမထားတာမို့ ဝင်ဖို့ခက်မယ်ထင်ထားပေမဲ့ နာမည်ပြောလိုက်ရုံနဲ့ ဝင်ခွင့်ရသွားတာမို့ မြူးတောင်အံ့သြသွားရသည်။

'' ဒီအခန်းပါ အကိုလေး ''

'' အော် ဟုတ်ကဲ့ ကျေးဇူးပါနော် ''

လာပို့သည့်ကောင်လေးက အခန်းရှေ့ထိလိုက်ပို့ပြီးတာနှင့်
ပြန်ထွက်သွားသည်။ အခန်းရှေ့ကစားပွဲမှာ ထိုင်နေသည့်ကောင်မလေးက မြူးကိုမြင်တော့ မတ်တပ်ရပ်ပြီးနှုတ်ဆက်၏ ။

'' မင်္ဂလာပါ အကိုလေး , Boss က အခု meeting လုပ်နေပါတယ် အခန်းထဲမှာဝင်စောင့်လိုက်ပါနော် ''

'' ဟုတ်ကဲ့ ''

'' ဘာများသုံးဆောင်ချင်သေးလဲရှင့် အပူ၊ အအေး တစ်ခုခု ''

'' ရတယ် ရတယ် ရေပဲပေးပါနော် ''

'' ဟုတ်ကဲ့ပါ ''

ကောင်မလေးဖွင့်ပေးလာတဲ့ အခန်းတံခါးကနေဝင်လိုက်တော့ ပထမဆုံး ခံစားလိုက်ရတာ အေးစက်စက်အငွေ့အသက်။ အထဲကအခန်းမရောက်ခင် အပြင်မှာ မှန်နဲ့ကာထားတဲ့ အခန်းရှိပြီး အလုပ်စားပွဲတွေလည်းတွေ့တာမို့  အကိုနေဇာန်ရဲ့ နေရာဖြစ်ဟန်တူသည်။

အခန်းကျယ်ကြီးထဲရောက်တာနဲ့ အရှိန်အဝါတွေကအပြည့်။ အပြင်ဘက်ကို ရှင်းရှင်းလင်းလင်းမြင်နေရပေမဲ့ အပြင်ကနေကြည့်တော့ မည်းနက်နေတာမို့ တဖက်မြင်မှန်တွေကာထားမှန်းသိလိုက်သည်။

Agent of JoyWhere stories live. Discover now