မိတ်ဆက်

2.3K 39 3
                                    

သူငယ်တန်းကတည်းက ကိုးတန်းအထိ အထက်တန်းကျောင်းတစ်ခုထဲမှာပဲ တက်ခဲ့တဲ့၊ ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့၊ စာတော်ပြီး ချောမောတဲ့၊ ကျောင်းမှာ သွားမထိသင့်တဲ့ အုပ်စုနှစ်စုထဲက တစ်စုမှာပါတဲ့
သူရိန်ခန့်ညား

သူရိန်တို့အဖွဲ့ထဲမှာ အတွင်းစိတ်က နူးညံ့သော်လည်း တစ်စုံတစ်ယောက်အပေါ်မှာဆိုရင်တော့ လူကြမ်းလေးဖြစ်သွားတတ်တဲ့
မင်းမြတ်

သူရိန်တို့အဖွဲ့ထဲမှာ သဘောကောင်းပြီး ဟာသလေးတွေပြောတတ်တဲ့၊ သနားတတ်ပြီး သံယောဇဉ်ကြီးတဲ့
ခန့်ဇော်

ကိုးတန်းရောက်မှ ကျောင်းပြောင်းလာပြီး ပုံစံလေးက ဖြူဖြူသွယ်သွယ်လေးမို့ အနိုင်ကျင့်ချင်စဖွယ်လေးဖြစ်နေသော်လည်း ဘယ်သူ့မှမကြောက်တတ်တဲ့ အကြောတင်းလေး
ဇေယျာလင်းထက်

ကိုးတန်းရောက်မှ ဇေယျာနဲ့အတူ ကျောင်းပြောင်းလာပြီး ဇေယျာ့ထက် အရပ်ပိုရှည် ဗလအနည်းငယ်ရှိပါသော်လည်း သူရိန်တို့ကိုဆိုရင်တော့ ကြောက်တတ်တဲ့
သန့်ပိုင်

မထိသင့်တဲ့ နောက်အုပ်စုတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့အပြင် ဇေယျာတို့ကိုလည်း အမြင်ကပ်၊ သူရိန်တို့ကိုလည်း ရှိန်နေပေမယ့် သိက္ခာကျအောင်လုပ်ဖို့ အမြဲချောင်းနေတတ်တဲ့၊ တစ်စုံတစ်ယောက်ကို စကားပြိုင်ပြောရင်တော့ ဘယ်တော့မှမနိုင်တတ်တဲ့ လူဆိုးလေး
ညီမင်း

ကျောင်းသားဘဝကနေ အရွယ်ရောက်တဲ့အထိ ...

လူတိုင်းမှာ အချစ်ဦးကတော့ ရှိကြစမြဲပါပဲ။ တချို့တွေကတော့ အချစ်ဦးနဲ့ပေါင်းဖက်နိုင်ကြတယ်။ တချို့ကတော့ လွဲချော်ခဲ့ကြတယ်။ အချစ်ဦးနဲ့ အချစ်ဆုံး ထပ်တူကျခဲ့ကြတဲ့သူတွေလည်းရှိသလို ထပ်တူမကျတဲ့သူတွေလည်း ရှိတယ်။ ဒီလူသားလေး ခြောက်ယောက်ကရော အချစ်ဦးနဲ့ အချစ်ဆုံးကို ထပ်တူကျနိုင်ကြပါ့မလား .....

Hello ... Wang Xiao Cheng ပါ
၂ ခြောက်လုံးမှာ ဒါလေးကို စပြီးမိတ်ဆက်ပေးပါရစေ။

ဒီနေ့မှမတင်ရင် မိုင်ဖရန့်က အုပ်တော့မယ် ಥ‿ಥ ။ လွန်ခဲ့တဲ့ လေး,ငါးလလောက်ကတည်းက တစ်လတစ်ပိုင်းနှုန်းနဲ့ရေးနေတာ ခုထိလည်း မပြီးသေးပါဘူး ဟီးဟီး ။ ဆိုတော့ အပိုင်းတစ်ကို အရင်တင်ထားလိုက်မယ်နော်။ ကျန်‌တာက ရေးရင်းနဲ့ တင်ပေးပါ့မယ်ရှင့်။ သူရိန်တို့ကိုလည်း ချစ်ပေးကြမယ်ဆိုရင်တော့ ကျေးဇူးတင်မိမှာပါပဲ (≧▽≦)

စာဖတ်သူများကို အစဉ် လေးစားလျက်ပါရှင် 💚

.
.
.

Zawgyi

သူရိန်ခန့်ညား

မင်းမြတ်

ခန့်ဇော်

ဇေယျာလင်းထက်

သန့်ပိုင်

ညီမင်း






သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Where stories live. Discover now